Sample Text

test

Change Font Color

Change Font Size

Powered by Blogger.

Archives

Thursday, May 23, 2013

ဒေါ်လာဈေးကျပ် ၁၀၀၀ ဖြစ်ခဲ့ရင်


ဒေါ်လာဈေးအား ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟု ပြောခဲ့သည့်နောက် ဒေါ်လာဈေး ဆက်တိုက် ထိုး တက်သည်။ ဘဏ်ရုံးချုပ် အပါအ၀င် ဘဏ်ခွဲ ၉ ခုသာရှိသော မြန်မာနိုင်ငံသားများ ဘဏ်သည် ဗဟိုဘဏ်၏ နေ့စဉ် အမေရိကန်ဒေါ်လာ လေလံပွဲတွင် ရက်ဆက်ဆိုသလို အင်အားကြီး ပုဂ္ဂလိကဘဏ်များ ပေးနိုင် သည့် ဈေးထက်များစွာ ပိုပေးကာ ထိပ်ဆုံးမှ လေလံအောင်နေသည်။

ထိပ်ဆုံးမှ လေလံအောင်သူသည် မိမိဝယ်လိုသည့် ပမာဏအတိုင်း ဗဟိုဘဏ်မှ ၀ယ်ခွင့်ရ သည်။ ဒေါ်လာအများစုမှာ ဘဏ်ခွဲ ၉ ခုသာ ရှိသည့် မြန်မာနိုင်ငံသားများ ဘဏ်လက် ၀ယ် နေ့စဉ် နီးပါး ရောက်သွားသည်။

အခြားဘဏ်များသည် လိုသလောက် ၀ယ်မရဘဲ ဗဟိုဘဏ်မှ ရောင်းပေးသည့် ပမာဏသာရသည်။ ဘဏ်ခွဲမြောက်များစွာဖြင့် လည်ပတ်နေသည့် ဘဏ်များ၌ ဒေါ်လာ လိုသလောက် ၀ယ်မရသည့် အခြေ အနေကို ဖန်တီးလိုက်သည့် အသွင်ဆောင်နေသည်။

ဈေးကွက်အတွင်း ၀ယ်လိုအားအတိုင်း မပေးနိုင်သည့်အတွက် ဒေါ်လာဈေး တက်သွားသည်။ ဗဟို ဘဏ်မှလည်း ဈေးမထိန်းဘဲ နေ့စဉ်ရက်ဆက် ငွေလဲနှုန်းကို မြှင့်တင်ဆွဲတင် သတ်မှတ်ပေးခဲ့သည်။

လျှပ်စစ်မီး မလုံလောက်မှုကြောင့် ကုန်ထုတ်လုပ်သူများ ဒီဇယ်ဆီကို မဖြစ်မနေ သုံးနေချိန်၊ ကားအစီးရေ များပြားလာသည့်အတွက် စက်သုံးဆီ ပိုမိုတင်သွင်းနေရချိန်တွင် နေ့စဉ်ဈေးကွက်အတွင်း စက်သုံးဆီ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး သုံးနေရသည့် ကာလတွင် ဈေးကွက် အတွင်း ဒေါ်လာလိုအပ်ချက်အား တစ်ရက်လောက် လုပ်လိုက်နိုင်သည်နှင့် ဈေးဆွဲတင်ချင်သူများ အတွက် မလွဲမသွေ အခြေအနေကောင်းကို ဖန်တီးပေးပြီးသား ဖြစ်သွားသည်။

ကျပ် ၁၀၀၀ အထိမရောက်သေးဘဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန် ၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည် . . .

ဗဟိုဘဏ်၏ နေ့စဉ်ဈေးတိုးမြှင့် နေမှုကြောင့် ဒေါ်လာဈေးထပ်တက်မည် စိုးသည့် အတွက် ဒေါ်လာ လိုအပ်သည့် လုပ်ငန်းရှင်များ ကြိုဝယ်မှုများပြားပြီး မလိုအပ်ဘဲနှင့် ဈေးကွက်လိုအပ်ချက် ပိုမိုမြင့်တက် သွားရပြန်သည်။

ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်သွားမှ ဈေးဆွဲတင်တာ မဟုတ်၊ ဈေးကွက် ၀ယ်လိုအားကြောင့် တက်ခြင်းဟု တာဝန်ရှိသူများရော၊ ၀င်ကစားသူများပါ ကာကွယ်ပြောဆိုခဲ့ကြသည်။

သို့သော် မပြေးသော်လည်း ကန်ရာရှိ အခြေအနေ အရပ်ရပ်သည် တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဈေး ဆွဲတင်နေသည်ဟု ပြော၍ရနိုင်သည့် အနေအထားသို့ ဦးတည်သွားသည်။

မေ ၁၃ ရက်က တစ်ဒေါ်လာ ၉၀၄ ကျပ်၊ မေ ၁၆ ရက်တွင် တစ်ဒေါ်လာ ၉၂၉ ကျပ်ဖြင့် သုံးရက်အတွင်း ဗဟိုဘဏ်မှ ၂၅ ကျပ်အထိ ဈေးဆွဲတင်လိုက်သည်။

ပြင်ပဈေးကွက်တွင် မေ ၁၆ ရက်က တစ်ဒေါ်လာ ၉၃၇ ကျပ် အထိ မြင့်တက်သွားပြီး ပုံမှန် လည်ပတ်နေ သည့် ဈေးကွက် ကမောက်ကမ ဖြစ်သွားသည်။

အစိုးရသစ်လက်ထက် နိုင်ငံခြား ငွေလဲနှုန်းကို နှုန်းရှင်သတ်မှတ်လိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက် နောက်ပိုင်း ၁၃ လကျော် ကာလအတွင်း ယခင် တစ်ဒေါ်လာ ကျပ် ၈၀၀ ၀န်းကျင်မှ မေ ၁၇ ရက်တွင် တစ်ဒေါ်လာ ၉၃၅ ကျပ်အထိ တစ်ဒေါ်လာ ကျပ် ၁၃၀ ၀န်းကျင် မြင့်တက်သွားသည်။

ကျပ် ၁၀၀၀ အထိ မရောက်သေး ပဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန်၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီ ဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည်။

စက်သုံးဆီဈေး မြင့်တက်မှုကြောင့် မကြာမီ သယ်ယူပို့ဆောင် စရိတ်မြင့်တက်မှုပေါ် အခြေခံကာ စားသောက်ကုန်အချို့ ဈေးတက်တော့မည်။

လက်ရှိ၌ပင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၀၀ စတင်ဈေးတက်ပြီး စားသုံးသူ အများပြည်သူကို ထိခိုက်စ ပြုပြီဖြစ်သည်။

ဈေးတက်သည့်အတွက် ပို့ကုန်လုပ်ငန်းများ ကောင်းလာမည်ဟု ဆိုသော်လည်း မွေးမြူသူများ ငါးမမွေး နိုင်သည့်အချိန်၊ တောင်သူများ လက်ထဲသီးနှံ မရှိချိန်ဖြစ်၍ အချည်းနှီး ဖြစ်နေသေးသည်။

အဆိုးရွားဆုံး အချက်အနေဖြင့် တက်သင့်တက်ထိုက်သည့်နှုန်း မဟုတ်ဘဲ ခုန်တက်သည့်အတွက် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနအားလုံး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အကောင် အထည်ဖော် မည့် နိုင်ငံတော် စီမံကိန်းများအပေါ် အနည်းနှင့်အများ ထိခိုက်တော့မည်။

စီမံကိန်းများအတွက် ၀န်ကြီးဌာန အသီးသီးမှ ဘတ်ဂျက်ရေးဆွဲ တင်ပြချိန်တွင် ဒေါ်လာဈေးမှာ တစ်ဒေါ် လာကျပ် ၈၆၀ နှုန်းလောက်ဖြင့် တွက်ချက်တင်ပြထားကြခြင်း ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများမှသုံးမည့် ငွေပမာဏ တစ်ခုတည်းသည်ပင် ကျပ်ဘီလျံ ၇၇၂၀ ဒသမ ၈၂၀ ကျော် (ကျပ် ၈၆၀ နှုန်းဖြင့် ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈ ဘီလျံ) အထိ ရှိသည်။

စီမံကိန်း အများစုမှာလည်း ပြည်ပမှ အမေရိကန်ဒေါ်လာဖြင့် တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ အများဆုံး အသုံးပြုနေကြခြင်း ဖြစ်သည်။

ယခု တစ်ဒေါ်လာ ၉၃၅ ကျပ်ဖြင့် တွက်ချက်ပါက အမေရိကန် ဒေါ်လာ ၈ ဒသမ ၂၆ ဘီလျံသာ ရှိတော့ သည့်အတွက် ဒေါ်လာဈေး မြင့်တက်မှု အချက်တစ်ချက်တည်းကြောင့် ဒေါ်လာ သန်း ၇၂၀ အလို အလျှောက် လျော့ကျသွားပြီဖြစ်သည်။

စီမံကိန်းများအတွက် မူလမှန်းထားသည့် ကုန်ကျငွေ ပမာဏထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၂၀ လိုအပ် သွားသည့် သဘောဖြစ်သည်။

ယင်းမှာ ၉၃၅ ကျပ်နှုန်းဖြင့်သာ ဖြစ်ပြီး အကယ်၍ တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဆွဲတင်ပစ်လိုက်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၂၅၀ ကျော် လိုအပ်သွားမည့် အနေအထားဖြစ်သည်။

အမေရိကန်ဒေါ်လာဈေးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းအထိ မြင့်တက်ရမည်ဖြစ်ပြီး တည်တည် ငြိမ်ငြိမ် နှုန်းတစ်ခုဖြင့်သာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်သာ တစ်ဆင့်ချင်း တက် သင့်သည်ဟု ဘဏ်လုပ်ငန်းရှင်များက နိုင်ငံတကာ ငွေကြေးဈေးနှုန်း အပြောင်းအလဲများအပေါ် အခြေ ခံ ပြောကြားကြသည်။

ယခုလပိုင်းအတွင်း ဒေါ်လာဈေး မြင့်တက်မှုသည်ပင် ကျပ် ၈၇၀ မှ ၉၃၅ အထိ တွက်ချက်လျင် ၈ ရာခိုင်နှုန်းနီးပါး တက်ခဲ့ခြင်းဖြစ်သည်။

တစ်ဒေါ်လာ ၁၀၀၀ ကျပ် ဆိုလျှင် တစ်နှစ်အတွင်း ကျပ်ငွေနှင့် ဒေါ်လာလဲနှုန်း မြင့်တက်မှုသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိသွားပြီး ဖြစ်သင့်သည့်၊ တက်သင့်သည့်နှုန်းထက် များစွာမြင့် မားနေမည် ဖြစ်သည်။

နိုင်ငံတကာရွှေဈေး ကျဆင်းနေသည့်အတွက် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ နိုင်ငံတကာ တွင်ပါ မြင့် တက်နေသည်။ သို့သော် ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်သာ အမြင့်ဆုံးတက် သည်။ မြန်မာနိုင်ငံ တွင်သာ ပုံမှန်နှုန်းထက် မြင့်မားစွာ ထိုးတက်နေခြင်း ဖြစ်သည်။

ထိုသို့ ဒေါ်လာဈေး မြင့်တက်လာသည့်အတွက် ယခင် တစ်ဘတ် ၂၉-၃၀ ကျပ် မှ ယခု ၃၂ ကျပ် အထိဖြစ်လာပြီး ယွမ်ဈေးမှာလည်း တစ်ယွမ်လျှင် ၁၄၀ မှ ယခု ၁၄၅ ကျပ်အထိ မြင့်တက်လာခဲ့သည်။

အမေရိကန်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်သည်မှာ အမှန်တကယ် ဈေးကွက်အရ မြင့်တက်ခြင်း သို့တည်းမဟုတ် နိုင်ငံအတွက် မြင့်တက်သင့်၍ မြင့်တက်ခြင်းဆိုလျင် အကျိုးပိုရှိနိုင်သော်လည်း ကစား၍ လည်းကောင်း၊ လူနည်းစုအတွက် လည်းကောင်း ရုတ်တရတ် မြင့်တက်ခြင်း ဆိုလျှင်မူ ထိခိုက်မှုများ ပိုများနိုင်သည်ကို သတိပြုသင့်သည်။ ဘဏ်လုပ်ငန်းရှင်၊ စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်များကမူ တက်သင့် တက်ထိုက်သည်အထိ တည်ငြိမ်စွာ မြင့်တက်ခြင်း၊ ငွေကြေး တန်ဖိုးအား တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသည်သာ နည်းလမ်းအမှန်ဟု သုံးသပ်ထားကြသည်။
credit: ( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

Copy From >အလင်းသစ် မီဒီယာ

ဘကြီးသက်

ကချင် စစ်ပြေး ဒုက္ခသည်များ ထောက်ပံ့မှု အခက်အခဲဖြင့် ရပ်တည်နေရဆဲ


ကချင် ပြည်နယ် အတွင်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို နှင့် အစိုးရ တပ်ဖွဲ့တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြသော ကချင် စစ်ပြေး ဒုက္ခသည်များသည် ထောက်ပံ့မှု အကန့်အသတ် အခက်အခဲနှင့်သာ ရပ်တည် နေရဆဲ ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆားက ဆိုပါသည်။

“ပြည်ပ NGO အဖွဲ့တွေ လာရောက် အကူအညီ ပေးဖို့က အစိုးရကို ဖြတ်ပြီးမှ လာရတယ် ဆိုတော့ အစိုးရဘက်က ခွင့်မပြု ဘဲနဲ့ ဘယ်လိုမှ လာလို့ မရဘူးလေ။ အဲဒါကြောင့် ယနေ့အထိ ပြည်တွင်းမှာ ရှိတဲ့ NGO အဖွဲ့တွေရော ပြည်ပက NGO အဖွဲ့တွေကပါ ပေးတဲ့ အကူအညီတွေ ကနေ့ အထိ မရသေးဘူး၊ ဒါကြောင့် ၀မ်းမ၀ဘူး ဖြစ်နေတယ်” ဟု ဆိုပါသည်။

တိုက်ပွဲသည် ၂ နှစ်ခန့် ရှည်ကြာ လာခဲ့သဖြင့် ကချင် စစ်ပြေး ဒုက္ခသည် ပေါင်း ၁ သိန်းကျော် ရှိလာပြီး ၃ ပုံ ၂ ပုံသည် KIO ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများ၌ နေထိုင်ကြပါသည်။ ကျန်ရှိသည့် ဒုက္ခသည် များမှာ အစိုးရ ထိမ်းချုပ်သည့် မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများ အတွင်း၌ နေထိုင် ကြပါသည်။

စစ်ပြေး ဒုက္ခသည်များ၏ လုံခြုံရေး၊ ရေရရှိရေး၊ အစားအစာ ရရှိမှု၊ အာဟာရပြသနာ၊ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာ ကိစ္စရပ်များတွင် စိုးရိမ်စရာ အခြေအနေ၌ရှိနေဆဲဖြစ်ကြောင်း နယူးဇီလန် အခြေစိုက် The Gage အဖွဲ့မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန် ခဲ့ပါသည်။

“ဒီလို အခြေအနေမျိုးတွေ ရောက်ရှိလာအောင် အစိုးရက လုပ်ထားတယ်လို့ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် ကေအိုင်အိုကို အကြပ်ကိုင်လို့ ရအောင် လုပ်ထားတာပါ။ KIO လက်အောက်ရှိ နေတဲ့ ဒုက္ခသည်တွေ အကြပ်အတည်း ဖြစ်နေအောင် တမင် ဖန်တီး ထားတာ ဖြစ်တယ်” ဟု ဦးဒွဲပီဆားက ဆိုပါသည်။

လက်ရှိတွင် KIO လက်အောက်ရှိ ဒုက္ခသည်များကို ပြည်တွင်း ပြည်ပ၌ ရှိသော အလှူရှင် တချို့ ကသာ လာရောက် လှူဒါန်းခဲ့ ပါသည်။ အလားတူ အစိုးရ ထိမ်းချုပ်မှု ရှိသည့် မြို့ ပေါ် ဒုက္ခသည်များ သို့လည်း NGO များမှ အကူအညီ မရကြောင်း အထူး သဖြင့် အစိုးရကြီးကြပ်သည့် ပြစား စခန်းမျှသာ အကူအညီ ရပါသည်။ ဤအကူအညီသည်လည်း အထူးသဖြင့် UN အကူအညီ တချို့နှင့် အခြားအရေးကြီး NGO တချို့သာ ရရှိပါသည်။ အများစုသည် ကချင် အသင်းတော်မှ ကူညီသော အကူအညီသာ ရကြသည်ဟု ဆရာတော် ဆရာတူးဂျားက ဆိုပါသည်။

ကချင်ပြည်နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက် ရှိနေသေး သောကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ နေရပ်သို့ ပြန်ပို့ခြင်းကို ဆောင်လိမ့်မည် မဟုတ်သေးကြောင်း ဒုက္ခသည် ကော်မီတီများက ဆိုပါသည်။ အစိုးရသည် စစ်ပြေးများ နေရပ်ပြန်ပို့ရေးကို လိုလား နေပါသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ပေါ်ရှိ တအာင်း စစ်ပြေး ဒုက္ခသည်များကို နေရပ် ပြန်ကြရန် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP နှင့် အစိုးရ ကိုယ်စားလှယ်များ လာရောက် ပြောကြား ခဲ့သည်။

ထို့အပြင် တအာင်း စစ်ပြေး ဒုက္ခသည်များကို မေလ ၁၅ ရက်နေ့က ဆန်ခွဲတမ်းများ ပေးဝေကာ စခန်း ကော်မတီ များက နေရပ် ပြန်ခွင့်ပြုကာ စခန်းကို ပိတ်ပစ် ခဲ့သည်။ သို့သော် ယင်းစစ်ပြေး ဒုက္ခသည်များက နေရပ်သို့ မပြန်နိုင်သေးဘဲ တန့်ယန်းမြို့ပေါ်၌ပင် သောင်တင် နေထိုင်လျက် ရှိကြောင်း တအာင်း စာပေ ယဉ်ကျေးမှု ကော်မတီဝင် ဦးမောင်ကို က ပြောသည်။

“နေရပ်ပြန်ပြီး ခြံတွေ ဘာတွေခုတ်၊ တောင်ယာခုတ်ပြီး နေကြပေါ့။ ဒီလိုမျိုး သူတို့ လာပြောပေမဲ့ တကယ့် လက်တွေ့မှာ ဒီအချိန်က တောင်ယာ ခုတ်လို့ ရတဲ့ အချိန် မဟုတ်ဘူး။ အဲတာကြောင့် တအာင်း ဒုက္ခသည်တွေက နေရပ် မပြန်နိုင်သေးဘဲ မြို့ပေါ်မှာဘဲ ဖြစ်သလို ဆက်နေခဲ့ရတယ်။” ဟု ဆိုပါသည်။

အလာတူပင် ထိုင်း-မြန်မာာ နယ်စပ်ရှိ နို့ဖိုး စစ်ပြေး ဒုက္ခသည်များသည်လည်း ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ဒုတိယ တာပ်ခရိုင်ဝန် ဦးဆောင်သော တွေ့ဆုံ ဆွေးနွေးပွဲတွင် လူဦးရေ သောင်းကျော် ရှိသည့် ဒုက္ခသည် စခန်း၌၂၈ ဦးသာ နေရပ် ပြန်လိုသည့် ဆန္ဒ ရှိပါသည်။

ဤသို့ကြောင့် ကေအိုင်အို လက်အောက်ရှိ စစ်ပြေး ဒုက္ခသည်များသည် KIO နှင့် အစိုးရတို့ တိုက်ပွဲ ဖြစ်နေသမျှ ကာလ ပတ်လုံး နေရပ်ပြန်လိုကြမည် မဟုတ်ပေ။ ဤကဲ့သို့ စစ်ပြေး ဒုက္ခသည်များ ဖြစ်လာရန် အစိုးရ တပ်ဖွဲ့များက ဖန်တီး ထားခြင်း ဖြစ်ပါသည်။

KIO သည် ၁၉၉၄ ခုနှစ် ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် အစိုးရမှ နယ်ခြား စောင့်တပ် ဖွဲ့ခိုင်းသဖြင့် လက်မခံ ပယ်ချရာက တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။ ဤတိုက်ပွဲများကြောင့် ကချင်ပြည်နယ်၌ စစ်ပြေး ဒုက္ခသည် ၁ သိန်းကျော် ဖြစ်လာခဲ့ရပါသည်။

ဘကြီးသက်

မှတ်သားဖွယ်ရာ ISP စကားပုံများ

 
"ပိုနေမြဲ ကျားနေမြဲ"
Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော Connection ကိုဆိုလိုသည်။

"ကိုယ့်ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်ချင်"
Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။

"ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း"
Connection ကောင်းရာ လိုင်း/အင်တာနက် ဆိုင်ကိုပြောင်းသုံးသည်။

"ဂါထာပေး တေးဖြစ်"
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။

"ငါးစိမ်းမြင် ငါးကင်ပစ်"
ပထမ Dial-up၊ နောက် Broad Band, ADSL, IP Star, WiMAX, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့်
အဆင့်ဆင့်ပြောင်းလဲခြင်းကို ဆိုလိုသည်။

"စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်"
ဆေးရိုးသည် = Access Denied Page

"ဆင့်ပါးစပ် နှမ်းပတ်"
ဆင့်ပါးစပ် = Internet Users
နှမ်း = Internet Bandwidth

"ညောင်ဦးကမ်းပါးပြို ဓမ္မနဂိုက နွားမပေါင်ကျိုး"
မိုးခြိမ်းသဖြင့် Internet လိုင်းကျသွားသည် :D

"တစ်ခါသေဖူး ပျဉ်ဖိုးနားလည်"
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်

"တစ်ရွာ တစ်ကျီဆောက်သည်"
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်။

"ထိုင်နေရင် အကောင်း ထသွားမှ ကျိုးမှန်းသိသည်"
ကောင်းမလားလို့ Windows 7 (64 bit) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။

"ဒူးလောက်တင်မှ ရင်လောက်ကျသည်"
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။

"နဂိုရှိမှ နကိုင်းထွက်သည်"
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသော အသစ်ဝယ်မှရမည်။

"ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (၀မရှိပဲ ၀ိလုပ်သည်)"
မြန်မာစာလက်ကွက်ကို ကောင်းစွာမရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကိုဆိုလိုသည်။

"ပျက်အစဉ် ပြင်ခဏ"
MPT (ဟိုတစ်လောက လိုင်းတွေပြင်တုန်းက အင်တာနက်အရမ်းကောင်းသည်)

"ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်"
ဘန်းဆိုက်ဒ်များကို proxy ဆိုဒ်ဖြင့်ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါပိတ်ထားသောအခါ ...

"ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ"
Connection ကောင်းမှ Internet အရသာကိုသိနိုင်သည်။

"ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်း"
Download ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။

"မမှားသောရှေ့နေ မသေသောဆေးသမား"
မကျဖူးသော Connection လိုင်း

"မရွယ်ပဲနှင့် စော်ကဲမင်းဖြစ်"
နေ့လည်ပိုင်းကြီး Connection ကောင်းနေခြင်းကို ဆိုလိုသည်။

"ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ"
Mac Book Air, Mac Book Pro, iPad 2, iPad 3, iPhone 5

"လင်းတလောက်တော့ ငှက်တိုင်းလှသည်"
လင်းတ = မြန်မာပြည် ကွန်နတ်ရှင်

"လယ်ထွန်သွား နွားမေ့"
အင်တာနက်သုံးရန်သွားရာမှ Facebook, Gmail account Passwords များမေ့နေခြင်းကိုဆိုလိုသည်။

"လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့်ဒီရေသည် လူကိုမစောင့်)"
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ်ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျင် လိုင်းပြန်ကျတော့မည်။
(မြန်မာပြည် ကွန်နက်ရှင်သည် သူရဲကားထဲမှ သူရဲများကဲ့သို့ပင် နေ့ပိုင်းတွင်ပျောက်နေ၊ ညပိုင်း ပေါ်လာ၊ (၀ိုးတိုးဝါးတား)၊ နေထွက်လျင်မရှိတော့)

:D

"၀က်ဖြစ်မှ မစင်မကြောက်နှင့်"
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။

"သန်းခေါင်ထက် ညမနက်တော့"
Connecton Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟုမရှိ။
:D

"သေချင်တဲ့ကျား တောပြောင်း"
မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။

"အုတ်ရောရော ကျောက်ရောရော"
Facebook New Feeds များကိုဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါတက်လာလေ့ရှိသည်။

"အရေးကြီးတော့ သွေးနီး"
အင်တာနက်သုံးသူများအချင်းချင်း ကောင်းတာလေးတွေ၊ Proxy၊ Software စသည်ဖြင့်မျှဝေသည်။

"အငိုလွယ်လျက် အရှိုက်ခက်သည်"
Download လွယ်သလောက် Upload ခက်သည်။

"အရူးမီးဝိုင်းသလို"
တစ်ပြိုင်တည်း Gtalk 20 ဦးခန့်ကို ပြောခြင်း။

"အကြံတူရန်သူ"
အင်တာနက်ဆိုင်တွင် ၂ ယောက်ပြိုင်တူ ဒေါင်းလုပ်ပြိုင်ဆွဲသည်။

"အနာပေါ်တုတ်ကျ"
ဤစာကို MPT မှလူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ :D

Credit to >> Than Htike Aung

ဘကြီးသက်

ABSDF မြောက်ပိုင်း လူသတ်မှု တောင်းပန်မယ်


ABSDF မြောက်ပိုင်း ဒေသ ကျောင်းသား တပ်မတော်မှာ ထောက်လှမ်းရေးလို့ စွပ်စွဲ သတ်ဖြတ် ခံရတဲ့ ကျောင်းသား စစ်သည်တွေ အတွက် ABSDF က အိမ်တိုင်ရာရောက် တောင်းပန်စာ ပို့မယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက သတ်ဖြတ်ခံရတဲ့ ကျောင်းသူ ကျောင်းသား ၁၅ ယောက်နဲ့ ထပ်မံ သတ်ဖြတ်ခံရသူ ၂ဝ အတွက် အမှုမှန် ဖော်ထုတ်နိုင်ဖို့ ဖွဲ့ထားတဲ့ ABSDF အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး ကော်မရှင်နဲ့ ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းတွေ မနေ့က ရန်ကုန်မှာ ဆွေးနွေး ခဲ့ကြပါတယ်။
သေဆုံးသူတွေ အဖို့ သိက္ခာပါ ထပ်လောင်း နစ်နာ ခဲ့ရတဲ့ အတွက် မိသားစုဝင်များ ဘက်က အင်မတန် ခံစားချက် ပြင်းထန်ကြလို့ တောင်းပန်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလို့ ABSDF မြောက်ပိုင်း ရဲဘော်ဟောင်းများ အဖွဲ့က ကိုရဲလင်းက ဘီဘီစီကို ပြောပါတယ်။

သတ်ဖြတ်မှုကို စီစဉ်ခဲ့တဲ့ လက်ရှိ သာယာဝတီ ထောင်မှာ ကျခံ နေရတဲ့ ABSDF မြောက်ပိုင်း ခေါင်းဆောင် ဟောင်း သံချောင်းနဲ့ အခြားသူတွေ ၊ ကျောင်းသား ထောက်လှမ်းရေး စစ်ကြောရေးမှာ ပါဝင်သူတွေနဲ့ စခန်းက ပြန်လာသူ တွေကို တွေ့ဆုံပြီး အချက်အလက် ရယူသွားမယ်လို့ သိရပါတယ်။

ABSDF ခေါင်းဆောင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီးနောက် မြောက်ပိုင်း ကိစ္စ စုံစမ်းရေး အဖွဲ့တွေကို ဒီလို စစ်ဆေးခွင့် ပြုခဲ့တာပါ။

၁၉၈၈ စစ်အာဏာ သိမ်းမှုတွေ အပြီး ABSDF ကျောင်းသား တပ်မတော်ကို နယ်စပ် ဒေသတွေမှာ ဖွဲ့စည်း လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ်။

BBC
ABSDF မြောက်ပိုင်း လူသတ်မှု တောင်းပန်မယ်

မေလ ၂၃ ရက် ၂၀၁၃

ABSDF မြောက်ပိုင်း ဒေသ ကျောင်းသား တပ်မတော်မှာ ထောက်လှမ်းရေးလို့ စွပ်စွဲ သတ်ဖြတ် ခံရတဲ့ ကျောင်းသား စစ်သည်တွေ အတွက် ABSDF က အိမ်တိုင်ရာရောက် တောင်းပန်စာ ပို့မယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက သတ်ဖြတ်ခံရတဲ့ ကျောင်းသူ ကျောင်းသား ၁၅ ယောက်နဲ့ ထပ်မံ သတ်ဖြတ်ခံရသူ ၂ဝ အတွက် အမှုမှန် ဖော်ထုတ်နိုင်ဖို့ ဖွဲ့ထားတဲ့ ABSDF အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး ကော်မရှင်နဲ့ ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းတွေ မနေ့က ရန်ကုန်မှာ ဆွေးနွေး ခဲ့ကြပါတယ်။
သေဆုံးသူတွေ အဖို့ သိက္ခာပါ ထပ်လောင်း နစ်နာ ခဲ့ရတဲ့ အတွက် မိသားစုဝင်များ ဘက်က အင်မတန် ခံစားချက် ပြင်းထန်ကြလို့ တောင်းပန်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလို့ ABSDF မြောက်ပိုင်း ရဲဘော်ဟောင်းများ အဖွဲ့က ကိုရဲလင်းက ဘီဘီစီကို ပြောပါတယ်။

သတ်ဖြတ်မှုကို စီစဉ်ခဲ့တဲ့ လက်ရှိ သာယာဝတီ ထောင်မှာ ကျခံ နေရတဲ့ ABSDF မြောက်ပိုင်း ခေါင်းဆောင် ဟောင်း သံချောင်းနဲ့ အခြားသူတွေ ၊ ကျောင်းသား ထောက်လှမ်းရေး စစ်ကြောရေးမှာ ပါဝင်သူတွေနဲ့ စခန်းက ပြန်လာသူ တွေကို တွေ့ဆုံပြီး အချက်အလက် ရယူသွားမယ်လို့ သိရပါတယ်။

ABSDF ခေါင်းဆောင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီးနောက် မြောက်ပိုင်း ကိစ္စ စုံစမ်းရေး အဖွဲ့တွေကို ဒီလို စစ်ဆေးခွင့် ပြုခဲ့တာပါ။

၁၉၈၈ စစ်အာဏာ သိမ်းမှုတွေ အပြီး ABSDF ကျောင်းသား တပ်မတော်ကို နယ်စပ် ဒေသတွေမှာ ဖွဲ့စည်း လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ်။

BBC

ဘကြီးသက်

Wednesday, May 22, 2013

ရတနာပုံတယ်လီပို့ကုမ္ပဏီကိုအများပိုင်အဖြစ်ပြောင်းလဲပြီး အစုရှယ်ယာ များ ထုတ်ရောင်းရန် ပြင်ဆင်နေ

ရတနာပုံတယ်လီပို့ကုမ္ပဏီကိုအများပိုင်အဖြစ်ပြောင်းလဲပြီး အစုရှယ်ယာ
များ ထုတ်ရောင်းရန် ပြင်ဆင်နေ…

*********************************************
(22.5.2013, wednesday)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ရထားသော
ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ကုမ္ပဏီကိုအများပိုင်ကုမ္ပဏီ
အဖြစ်ပြောင်းလဲရန် မေ(၂၁)ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့်
EOM (Extra Ordinary Meeting)အစည်းအဝေးအရဆုံးဖြတ် လိုက်ပြီ
ဖြစ်ကြောင်းသိရသည်။အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းရန်အတွက်ရတနာပုံ
တယ်လီပို့ကုမ္ပဏီကိုတန်ဖိုးသတ်မှတ်သည်နှင့် အခြားလိုအပ်သော စာရွက်
စာတမ်းကိစ္စရပ်များကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစည်း
အဝေးကိုတက်ရောက်ခဲ့သည့် Elite tech Group of Companies မှ
သိရသည်။ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးကိုသတင်းအချက်
အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးက တာဝန်ယူခဲ့ရာ
မှ အများပိုင်အဖြစ်ပြောင်းလဲနိုင်ရန်အတွက် ယခုနှစ်အတွင်းမှာ နုတ်ထွက်
ပေးခဲ့ခြင်းဖြစ်သည်။ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် ဆောင်ရွက်မှု
များ ပြီးစီးပါက အစုရှယ်ယာတစ်ခုကိုကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချ
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit & Copy From >SkyNet TV Browser < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ရတနာပုံတယ်လီပို့ကုမ္ပဏီကိုအများပိုင်အဖြစ်ပြောင်းလဲပြီး အစုရှယ်ယာ
များ ထုတ်ရောင်းရန် ပြင်ဆင်နေ…

*********************************************
(22.5.2013, wednesday)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ရထားသော
ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့ကုမ္ပဏီကိုအများပိုင်ကုမ္ပဏီ
အဖြစ်ပြောင်းလဲရန် မေ(၂၁)ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့်
EOM (Extra Ordinary Meeting)အစည်းအဝေးအရဆုံးဖြတ် လိုက်ပြီ
ဖြစ်ကြောင်းသိရသည်။အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းရန်အတွက်ရတနာပုံ
တယ်လီပို့ကုမ္ပဏီကိုတန်ဖိုးသတ်မှတ်သည်နှင့် အခြားလိုအပ်သော စာရွက်
စာတမ်းကိစ္စရပ်များကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစည်း
အဝေးကိုတက်ရောက်ခဲ့သည့် Elite tech Group of Companies မှ
သိရသည်။ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးကိုသတင်းအချက်
အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးက တာဝန်ယူခဲ့ရာ
မှ အများပိုင်အဖြစ်ပြောင်းလဲနိုင်ရန်အတွက် ယခုနှစ်အတွင်းမှာ နုတ်ထွက်
ပေးခဲ့ခြင်းဖြစ်သည်။ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် ဆောင်ရွက်မှု
များ ပြီးစီးပါက အစုရှယ်ယာတစ်ခုကိုကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချ
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit & Copy From >SkyNet TV Browser < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ဘကြီးသက်

ကမ္ဘာတစ်လွှားမှ ကိုယ်ပိုင်အလှတရားများ


အိန္ဒိယက ဆံပင်အလှနဲ့ ကျော်ကြားပါတယ်။ သူတို့ဆံပင်ဟာ မဲနက်တောက်ပြောင်ပြီး သန်စွမ်းတာကိုး။ ဂျပန်မလေးတွေက အရမ်းအသားအရေလှတယ်နော်။ ဘရာဇီးတွေမှာတော့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ရှိတယ်။ ဒါတွေက မျိုးရိုးလိုက်တာထက် နိုင်ငံတိုင်းမှာ အလှအပအတွက် သူတို့ဓလေ့နဲ့ သူတို့ရှိတယ်လေ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဲဒီဓလေ့ကြောင့်ပဲ သူတို့ အားလုံးလှနေတာပေါ့။ အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ သူတို့ရဲ့ ထင်ရှားတဲ့အလှတရားတွေအတွက် ဘယ်လိုဓလေ့တွေရှိလဲဆိုတာကို ရင်နှင်းသိသလောက် ပြောပြမယ်နော်။

Itly
အီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာ ဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။

Greece
ဂရိတွေရဲ့ အသားတွေနူးညံ့နေတာက သူတို့ခန္ဓာကိုယ်ကို Baby Oil အမြဲလိမ်းလို့ပါတဲ့။

Poland
ပိုလန်တွေဟာ သူတို့ရဲ့အလှအပအတွက် ပျားရည်ကို သုံးကြတယ်တဲ့။ ပျားရည်ကိုအပူပေးပြီး မျက်နှာရဲ့အစိုဓာတ်အတွက် လိမ်းကြသလို နှုတ်ခမ်းသားတွေ နှုးညံ့စိုပြေစေဖို့ နှုတ်ခမ်းသားမှာလည်း လိမ်းကြပါသေးတယ်။

India
အိန္ဒိယလူမျိုးတွေရဲ့ ဆံပင်ဟာ အရမ်းကောင်းတယ်နော်။ ဆံပင်လည်း သန်တယ်။ မဲနက်တောက်ပြောင်နေတယ်လေ။ အဲ့ဒါ အုန်းဆီရဲ့တန်ခိုးကြောင့်ပေါ့။ အုန်းဆီဟာ ဆံလုံးသေးပြီး အရမ်းပါးတဲ့ဆံပင်ကိုလည်း သန်စွမ်းစေတယ်။ လုပ်ရမှာကတော့ ညအိပ်ယာမ၀င်ခင် အပူပေးထားတဲ့အုန်းဆီကို တခေါင်းလုံးအနှံ့လိမ်း၊ ဦးရေပြားကို အသေအချာလေးနှိပ်နယ်ပြီး အိပ်လိုက်ပါ။
မနက်အိပ်ယာနိုးတော့ လျှော်လိုက်ပေါ့။ တပတ်တခါ ပုံမှန်လုပ်ပေးရင် ဆံသားတွေပျက်စီးနေတာတွေနဲ့ ဆံပင်နှစ်ခွဖြစ်တာတွေပါ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

Egypt
အီဂျစ်တွေရဲ့သွားတွေက ဖြူဖြူဖွေးဖွေးနဲ့ လှတယ်လေ။ ဘာလို့လဲဆိုတော့ အီဂျစ်တွေက သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကိုရောပြီး တိုက်လို့ပါတဲ့။ အဲ့အရောကို သင့်လက်ချောင်းလေးတွေကို အသုံးပြုပြီး သွားတိုက်နိုင်ပါတယ်။ ၁မိနစ်လောက်ထားပြီးရင် ပလုတ်ကျင်းပေးရုံပါပဲ။


Australia
သြစတျေးလျတွေဟာ သူတို့ခြေထောက်က အသားမာတွေပျောက်ကင်းအောင် ထောပတ်သီးအခွံနဲ့ သေချာပွတ်တိုက်ကြသတဲ့။

Spain
စပိန်တွေရဲ့ ဓလေ့ကတော့ မျက်ကွင်းညိုပြီဆိုတာနဲ့ အာလူးကို ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်လိုက်တာပါပဲ။ ၁၀
မိနစ်လောက်ကပ်လိုက်တာနဲ့ မျက်ကွင်းညိုတာလည်း သက်သာသွားတယ်တဲ့။

Jamaica
ဂျမေကာတွေကတော့ အထူးအဆန်းပဲ။ သူတို့ မျက်နှာလေးတွေ နူးညံနေဖို့နဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ ငှက်ပျောသီးအခွံနဲ့ မျက်နှာကိုပွတ်တယ်တဲ့။ နေလောင်တာကို ကုသတာမှာလည်း ငှက်ပျောသီးအခွံကိုသုံးပါသေးတယ်။

Japan
ဂျပန်မလေးတွေ အသားအရေလှတာကတော့ တကယ်မနာလိုစရာပဲနော်။ သူတို့က ရေညှိရဲ့အစွမ်းကြောင့် လှနေတာပါ။ မျက်နှာသန့်စင်ဆေးတွေ Toner တွေကိုလည်း ရေညှိက ထုတ်လုပ်တာကိုပဲ သုံးစွဲကြတယ်။ မျက်နှာပေါင်းတင်တာ၊ အဆီပိုတွေကိုဖယ်ရှားတာ အားလုံးကို ရေညှိက ထုတ်ထားတယ်။ ပြီးတော့ ဆံပင်သန်အောင်ဆိုပြီး ရေညှိကို စားကြသေးသတဲ့။ ဘက်စုံအသုံးဝင်တဲ့ ရေညှိပါပဲ။

Scotland
အသားဖြူတဲ့ စကော့တလန်သူတွေရဲ့ အသားအရေဟာ အရမ်းထိခိုက်လွယ်ပါတယ်။ သူတို့ဟာ အသားအရေ
ကောင်းမွန်အောင်အသားအရေကို သန့်စင်ပြီးတာနဲ့ မက်မွန်ဆီကို လိမ်းကြပါတယ်။

Taiwan
ထိုင်ဝမ်ကလူတွေဟာ ကျန်းမာလှပနေတာဟာ ရေနွေးကြမ်းရဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့်ပါပဲ။ သူတို့ဟာ
နေလောင်တာကို အေးမြစေဖို့လည်း ရေနွေးကြမ်းရည် လိမ်းကြပါသတဲ့။

Turkey
တူရကီတွေဟာ ဒိန်ချဉ်အများကြီး သောက်ကြပါတယ်။ ဒိန်ချဉ်ဟာ အစာတွေကို ချေဖျက်တာကို အကူအညီပေးလို့ အစားအစာတွေရဲ့ အဟာရဓာတ်ကို ပိုရပြီး ပိုကျန်းမာလှပနိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။

France
ပြင်သစ်တွေရဲ့ သွားတွေက ခိုင်ခံ့ပြီး ပိုးလည်းမစားဘူးတဲ့။ ဘာလို့လဲသိလား။ သူတို့က ဒိန်ခဲတွေ အရမ်းစားတယ်လေ။ ဒိန်ခဲမှာပါတဲ့ ဓာတ်တွေက သွားကြွေလွှာတွေကိုခိုင်ခံ့စေပြီး သွားပိုးမစားအောင် ကာကွယ်ပေးလို့ပါ။

Sweden
ဆွီဒင်က အလှပဂေးတွေဟာ သူတို့သားအရေလှပဖို့ ဘလူးဘယ်ရီသီးအစိမ်းတွေကို တခြားအသီးအနှံတွေ
အသားတွေနဲ့ တွဲဖျက်ပြီး စားသုံးကြပါသတဲ့။

Brazil
ကမ္ဘာ့အလှဆုံးမှာပါတဲ့ ဘရာဇီးသူတွေဟာ ကမ်းခြေသွားတဲ့အခါ သဲတွေလက်တစ်ဆုပ်စာအပြည့်နဲ့ သူတို့
ခန္ဓာကိုယ်ကိုပွတ်တိုက်ကြပါတယ်။ ဒီနည်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း
ကောင်းစေလို့ သူတို့အသားအရေဟာ ကျစ်လစ်လှပနေတာပေါ့။

ကဲ … ဒီလောက်ဆိုရင် ရင်နှင်းရဲ့သူငယ်ချင်းလေးတွေ တော်တော်ဗဟုသုတ ရသွားလောက်ပြီ။ အတုယူလို့ရတဲ့နည်းလေးတွေကို အတုယူ အသုံးချပြီး နိုင်ငံပေါင်းစုံရဲ့ကိုယ်ပိုင်အလှလေးတွေကိုပါ ပိုင်ဆိုင်ပြီး မြန်မာတွေလည်း ကမ္ဘာ့အလှဆုံးတွေဖြစ်လာနိုင်တာပဲနော်။

myanmar
(...)

( ရင်နှင်းငယ် )

ဘကြီးသက်

"ဗြိတိန်လွှတ်တော်အမတ်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်းရှင်းလင်း"


Wednesday, May 22, 2013

ဗြိတိန်လွှတ်တော်အမတ် Ms Rushanara Ali ရဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့စဉ်က ကြုံတွေ့ခဲ့တဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗြိတိသျှ ပါလီမန်အဆောက်အဦ အတွင်းက အစည်းအဝေးခန်းမဆောင်တစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေနေတဲ့ ဒုက္ခသည် စခန်းတွေမှာ သောက်ရေနဲ့ အစားအစာ မလုံလောက်မူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချို့တဲ့နေတာတွေ၊ သန့်ရှင်းမှု မရှိ တာတွေကို တွေ့ခဲ့တဲ့အကြောင်း၊ နောက် ပေါက်တောမှာရှိတဲ့ ဒုက္ခသည် အမျိုးသမီးတွေက မီးဖွားဖို့ အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ မီးဖွားခွင့်မရှိတဲ့ အတွက် အသက်ဆုံးရှုံးခဲ့တာတွေရှိတယ်ဆိုတာကို အဲဒီစခန်းတွေက ဒုက္ခသည်အမျိုးသမီးတွေက သူ့ကို ပြောပြတဲ့အကြောင်း Ms Ali က ဆက်လက်ပြောပြပါတယ်။

ဆက်လက်ပြီး၊ Ms Ali က အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက်ရန်မူလာမယ့် အခြေအနေတွေကို ကြောက်လန့်နေကြောင်း၊ နောက်သူတို့ရဲ့ မူလနေထိုင်တဲ့ နေရပ်ကို ပြန်နေဖို့အတွက်ဆိုရာမှာလည်း သူတို့ရဲ့ လုံခြုံမူကို ခြိမ်းခြောက်နေကြောင်း ရှင်းလင်းပြောကြားပါတယ်။

အဲဒီအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ UK ရဲ့ ဒါရိုက်တာ Mr David Mepham က သူတို့အဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ “All you can do is Pray: Crime Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Rakhine State” “ ဆုတောင်းနေယုံသာ လုပ်နိုင်တယ်လို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ် တွင်းက ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်းသုတ်သင်ရေးနဲ့ လူသားဖြစ်ခွင့်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှု” ဆိုတဲ့ မှတ်တမ်းအကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။

Ms Ali က သူ့ခရီးစဉ်ရဲ့ အတွေ့အကြုံကနေတဆင့်

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်း ကို ပေးပို့တဲ့ အကူအညီတွေကို မြန်မာအစိုးရကနေ ပိတ်ပင်ဟန့်တားမှုမရှိစေဖို့ နဲ့ မုတ်သုန်ရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အမိုးအကာ၊ ဆေးဝါးနဲ့ ရှင်းသန့်ရေး အကူအညီတွေ အမြန်ဆုံးပေးရေးကို UK အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေကနေ မြန်မာအစိုးရကို ဖိအားပေးဖို့လိုအပ်ကြောင်း ၊ အဲဒီနောက်မြန်မာနိုင်ငံတွင်းက ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာမူဆင်တွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေ ကို မြန်မာအစိုးရက ပြန်သုံးသပ်ဖို့လိုအပ်အကြောင်း Ms Ali က အဓိကထား ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Ms Ali ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၂ ရက်နေ့ အထိ ၂ ပတ်ကြာ ရောက်ရှိခဲ့ပြီး၊သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပွဲကို ဗြိတိသျှ လွှတ်တော်မတ် တချို့၊NGO အဖွဲ့အစည်းတွေ တစ်ချို့၊လန်ဒန်အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း နဲ့ Burma Campaign UK အဖွဲ့ အပါအဝင် လူပုဂ္ဂိုလ် ၅၀ နီးပါးတက်ရောက်ခဲ့ပေမယ့် လန်ဒန်မြို့က ရခိုင်လူမျိုးတွေတက်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။

RFA

ဘကြီးသက်

မိတ္ထီလာ ဘုန်းတော်ကြီး အသတ်ခံရမှု ထောင်ဒဏ် အသီးသီးချမှတ်လိုက်


မိထ္တီလာတွင် ဘုန်းတော်ကြီး ဦးသောဘိတ အသတ်ခံရမှုအတွက် တရားရုံးတင် စစ်ဆေးခံနေရသော တ ရား ခံ ၇ ဦးကို မိထ္တီလာခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်မှ ၂၈ နှစ်အထိ အသီးသီး ချမှတ်လိုက်တယ် လို့ သတင်း ရပါတယ်။

အဆိုပါ ဘုန်းတော်ကြီး ဦးသောဘိတ သတ်ဖြတ်ခံရမှုဟာ မကြာသေးမီက မိတ္ထီလာမြို့က အစပြုကာ ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ အဓိက မီး တစ ဖြစ်ခဲ့တာပါ။

အဆိုပါ ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှုနဲ့ သံသယဖြစ်သူ အဆိုပါ ၇ ဦးကို အခုလို ပြစ်ဒဏ်တွေ ချလိုက်တာ နဲ့ပတ် သက်ပြီး ၄င်းတို့ရဲ့ ရှေ့နေ့ ဦးသိန်းသန်းဦးကတော့ ထောင်ကျသွားသူတွေရဲ့ မိသားစု ဆွေမျိုးတွေ အနေ နဲ့ အသနားခံစာ တင်ဖို့တော့ အခွင့်အရေးရှိတယ်လို့ အေဖက်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

မိတ္ထီလာ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လူပေါင်း ၄၄ ဦး သေဆုံးတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ စာရင်း က ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဧပြီလတုန်းကလည်း မိတ္တီလာ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ပိုင်ရှင် ၃ ဦးကို ဆိုင် မှာ ရွှေ လာရောင်း သူတွေကို စော်ကားမှု၊ ထိခိုက်နာကျင်စေမှုတွေနဲ့ ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ ပါသေးတယ်။

ဧရာဝတီ
ဘကြီးသက်

မိတ္ထီလာ အရေးပေါ် ကာလ နောက်ထပ် နှစ်လတိုး

From : ..rfa


အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းအတွင်းက မိတ္ထီလာမြို့နယ်မှာ နိုင်ငံတော် သမ္မတအမိန့်နဲ့ ပုဒ်မ ၁၄၄ အရေးပေါ် အခြေအနေ ကြေညာထားတာကို ဒီကနေ့ကစပြီး နောက်ထပ်ရက်ပေါင်း ၆၀ ထပ်မံတိုးမြှင့်လိုက်ကြောင်း နေပြည်တော်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

ပုဒ်မ (၁၄၄) ကို ဆက်လက်ထားရှိဖို့ လွှတ်တော်က အတည်ပြုလိုက်တာကို ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က အခုလို ကြေညာခဲ့ပါတယ်။

“သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာချက် နဲ့ ပတ်သက်ပြီး အတည်ပြုရန် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၃ နည်းဥပဒေခွဲ (က) အရ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူမှာဖြစ်ပါတယ်၊ ယခုလွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်၊ ထောက်ခံဆန္ဒမဲများတဲ့ အတွက် နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ် ၁/၂ဝ၁၃ အရေးပေါ် အခြေအနေ ကြေညာခြင်းကို အတည်ပြုကြောင်းကြေညာပါတယ်”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် အမှတ်(၁/၂၀၁၃) သတင်းထုတ်ပြန်ချက်အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ မိတ္ထီလာ၊ ၀မ်းတွင်း၊ သာစည်၊ မလှိုင်မြို့နယ်တွေမှာ ပုဒ်မ (၁၄၄) ကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရက်ပေါင်း ၆၀ ပြည့်ပြီးသွားရင် ပြည်ထောင်စု လွှတ်တော်က ဒီအမိန့်ဆက်လက်ထားရှိသင့်၊ မသင့် ဆွေးနွေးရမှာဖြစ်တယ်လို့ ပြဌာန်းထားတာကြောင့် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။
ဘကြီးသက်

ပုဂံ မြစည်းခုံဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခံရ


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီမြစ်နံဘေးတွင်
တည်ရှိသော မြစည်းခုံ ဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံရကြောင်း ပုဂံရဲစခန်းမှသိရသည်။
မြစည်းခုံဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဇောတိသာရသည် မေ ၁၉ ရက်ညနေပိုင်းက ဘုရားပေါ်တက်ရောက် စဉ်
ဘုရားအရှေ့ဘက်မုခ်အတွင်းရှိ ဆင်းတုတော်ခိုးယူခံထားရခြင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။
''အစက ပြုပြင်စရာရှိလို့ တံခါးဖွင့်ထားလို့ ဘုန်းကြီးကထင်နေတာ။ပြီးမှအခိုးခံရမှန်းသိတယ်။
ရဲတွေလည်းလာပြီး စစ်ဆေးသွားတယ်။''ဟု မြစည်းခုံကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်သည်။
ဆင်းတုတော်သည် အမြင့်ဥာဏ်တော် လေးပေခန့်ရှိ သော သစ်သားဆင်းတုတော်တစ်ဆူဖြစ်ကြောင်း၊ခိုးယူသူသည်
သော့များကို ဖျက်ဆီးကာ ဆင်းတုတော်အောက်ခြေပိုင်းမှ ရိုက်ချိုး ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။
ဆင်းတုတော်ခိုးယူခံရမှုနှင့်ပတ်သက်၍ ပုဂံရဲစခန်းမှ အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။
ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေအတွင်း လွန်ခဲ့သောတစ်ပတ်ကျော်ခန့်
ကလည်း တောင်ဘီကျေးရွာအုပ်စု၊ဆုတောင်း ပြည့်ဘုရားအနီးရှိ ဗူးဘုရားကျောင်းစာရင်းဝင် ပျူစောထီးကျောင်းမှ
ဥာဏ်တော်အမြင့် (၁)ပေ(၆)လက်မရှိသော မကိုဋ်ပါ မဟာ မြတ်မုနိပုံစံတူ ကျောက်ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံခဲ့ရကြောင်းသိရသည်။ ပုဂံသစ္စာ
Photo: ပုဂံ မြစည်းခုံဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခံရ ပုဂံ-မေ၂၀ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီမြစ်နံဘေးတွင် တည်ရှိသော မြစည်းခုံ ဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံရကြောင်း ပုဂံရဲစခန်းမှသိရသည်။ မြစည်းခုံဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဇောတိသာရသည် မေ ၁၉ ရက်ညနေပိုင်းက ဘုရားပေါ်တက်ရောက် စဉ် ဘုရားအရှေ့ဘက်မုခ်အတွင်းရှိ ဆင်းတုတော်ခိုးယူခံထားရခြင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။ ''အစက ပြုပြင်စရာရှိလို့ တံခါးဖွင့်ထားလို့ ဘုန်းကြီးကထင်နေတာ။ပြီးမှအခိုးခံရမှန်းသိတယ်။ ရဲတွေလည်းလာပြီး စစ်ဆေးသွားတယ်။''ဟု မြစည်းခုံကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်သည်။ ဆင်းတုတော်သည် အမြင့်ဥာဏ်တော် လေးပေခန့်ရှိ သော သစ်သားဆင်းတုတော်တစ်ဆူဖြစ်ကြောင်း၊ခိုးယူသူသည် သော့များကို ဖျက်ဆီးကာ ဆင်းတုတော်အောက်ခြေပိုင်းမှ ရိုက်ချိုး ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။ ဆင်းတုတော်ခိုးယူခံရမှုနှင့်ပတ်သက်၍ ပုဂံရဲစခန်းမှ အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။ ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေအတွင်း လွန်ခဲ့သောတစ်ပတ်ကျော်ခန့် ကလည်း တောင်ဘီကျေးရွာအုပ်စု၊ဆုတောင်း ပြည့်ဘုရားအနီးရှိ ဗူးဘုရားကျောင်းစာရင်းဝင် ပျူစောထီးကျောင်းမှ ဥာဏ်တော်အမြင့် (၁)ပေ(၆)လက်မရှိသော မကိုဋ်ပါ မဟာ မြတ်မုနိပုံစံတူ ကျောက်ဆင်းတုတော်တစ်ဆူ ခိုးယူခြင်းခံခဲ့ရကြောင်းသိရသည်။ ပ


ME ဘကြီးသက်

၉၆၉ က အသုံးချဖို့ ကြိုးစားတာကို ပါးပါးနပ်နပ်နဲ့ ငြင်းပယ်ရပါတဲ့ ဆိုတဲ့ နန်းခင်ဇေယျာ




Miss International ပြိုင်ပွဲကြီးမှ အင်တာနက် ပရိသတ်များ အကြား နာမည်ကြီးခဲ့သော နန်းခင်ဇေယျာမှ အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။ အဆိုပါ အင်တာဗျူးစာမျက်နှာနဲ့ အတူ သူမ၏ ပြောဆိုမှု အပေါ် ကန့်ကွက်ရေးသားမှုများလည်း ရှိနေပါတယ်။

သူမ အနေဖြင့် အောင်မြင်ကျော်ကြားမှုနဲ့ အတူ ပရဟိတ လုပ်ငန်းများကိုလည်း ဆက်တိုက် ဆောင်ရွက် နေကြောင်း သူမရဲ့ စာမျက်နှာမှာ ဖော်ပြထားချက်များ အရ သိရပါတယ်။
MyanmarExpress
ဘကြီးသက်

Tuesday, May 21, 2013

ဂျပန်မှ တာဝန်ယူတည်ဆောက်မည့် မြန်မာ့ဆက်သွယ်ရေးကွန်ယက်

Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTနှင့် မေလ ၁၄ ရက်နေ့ တွင် “ အရေးပေါ်ဆက်သွယ်ရေးကွန်ယက်များ ကောင်းမွန်စေရေး အစီအမံ “ အတွက် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု Sumitomo Corporation က မေ(၂၁)ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဤအစီအစဉ်မှာ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင်အကူအညီပေးရေး ပေါ်လစီ၏ ပထမဦးဆုံး စီမံကိန်း ဖြစ်သည်။

အဆိုပါစီမံကိန်း၌ အချက်အလက်လွှဲပြောင်းမှုကို 30 Gbps အထိ ပြုလုပ်နိုင်သော မြန်နှုန်းမြင့် ဖိုင်ဘာ ဆက်ကြောင်းများ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်အကြား တပ်ဆင်ရေး၊ မိုလ်ဘိုင်းဖုန်းများအတွက် 4G (LTE)ကွန်ယက်များ တည်ဆောက်ပေးရေးနှင့်အဆိုပါ ဆက်သွယ်ရေး ကွန်ယက်တွင် အထိုင်ဖုန်းများပါ ပါဝင်ကာ မြို့တစ်မြို့တွင် အင်တာနက်မြန်နှုန်း 10 Gbps အထိ သုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါဆက်သွယ်မှုကွန်ယက်တစ်ခုလုံးတွင်4G(LTE) အသုံးပြုသူပေါင်း လေးသောင်းခန့်၊အထိုင်ဖုန်း ၁ သန်းခွဲခန့်နှင့် အင်တာနက် အသုံးပြုသူ ၁ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

မိုလ်ဘိုင်းဖုန်းများအတွက် 4G ကွန်ယက်ကို မြို့ကြီးသုံးမြို့တွင် LTE အခြေစိုက်စခန်းပေါင်း (၅၀)ခန့် ထားရှိ၍ အထောက်အကူ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဆက်သွယ်ရေးကွန်ယက်ကို ၂၀၁၃ နိုဝင်ဘာတွင် အပြီးသတ်ရန် ရည်မှန်း၍ ပြုလုပ်နေကြောင်း သိရှိ ရသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရေး အစီအစဉ်အရ Japan International Corporation Agency (JICA)မှ ယန်း ၁.၇၁ ဘီလီယံခန့် အကူအညီပေးမည်ဟု ဒီဇင်ဘာ (၁၂)ရက် ၂၀၁၂ ခုနှစ်တွင် ကတိပြုခဲ့သည်။ ယခု ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်ရေးအတွက် အဆိုပါ ရန်ပုံငွေအတွင်းမှ အသုံးပြုသွားမည်ဖြစ်သည်။

http://myitmakhamediagroup.com/detail.php?newid=4626
ဂျပန်မှ တာဝန်ယူတည်ဆောက်မည့် မြန်မာ့ဆက်သွယ်ရေးကွန်ယက်
Tuesday, May 21, 2013

 Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTနှင့် မေလ ၁၄ ရက်နေ့ တွင် “ အရေးပေါ်ဆက်သွယ်ရေးကွန်ယက်များ ကောင်းမွန်စေရေး အစီအမံ “ အတွက် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု Sumitomo Corporation က မေ(၂၁)ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ 

ဤအစီအစဉ်မှာ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင်အကူအညီပေးရေး ပေါ်လစီ၏ ပထမဦးဆုံး စီမံကိန်း ဖြစ်သည်။ 

အဆိုပါစီမံကိန်း၌ အချက်အလက်လွှဲပြောင်းမှုကို 30 Gbps အထိ ပြုလုပ်နိုင်သော မြန်နှုန်းမြင့် ဖိုင်ဘာ ဆက်ကြောင်းများ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်အကြား တပ်ဆင်ရေး၊ မိုလ်ဘိုင်းဖုန်းများအတွက် 4G (LTE)ကွန်ယက်များ တည်ဆောက်ပေးရေးနှင့်အဆိုပါ ဆက်သွယ်ရေး ကွန်ယက်တွင် အထိုင်ဖုန်းများပါ ပါဝင်ကာ မြို့တစ်မြို့တွင် အင်တာနက်မြန်နှုန်း 10 Gbps အထိ သုံးစွဲနိုင်မည်ဖြစ်သည်။ 

အဆိုပါဆက်သွယ်မှုကွန်ယက်တစ်ခုလုံးတွင်4G(LTE) အသုံးပြုသူပေါင်း လေးသောင်းခန့်၊အထိုင်ဖုန်း ၁ သန်းခွဲခန့်နှင့် အင်တာနက် အသုံးပြုသူ ၁ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။ 

မိုလ်ဘိုင်းဖုန်းများအတွက် 4G ကွန်ယက်ကို မြို့ကြီးသုံးမြို့တွင် LTE အခြေစိုက်စခန်းပေါင်း (၅၀)ခန့် ထားရှိ၍ အထောက်အကူ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဆက်သွယ်ရေးကွန်ယက်ကို ၂၀၁၃ နိုဝင်ဘာတွင် အပြီးသတ်ရန် ရည်မှန်း၍ ပြုလုပ်နေကြောင်း သိရှိ ရသည်။ 

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရေး အစီအစဉ်အရ Japan International Corporation Agency (JICA)မှ ယန်း ၁.၇၁ ဘီလီယံခန့် အကူအညီပေးမည်ဟု ဒီဇင်ဘာ (၁၂)ရက် ၂၀၁၂ ခုနှစ်တွင် ကတိပြုခဲ့သည်။ ယခု ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်ရေးအတွက် အဆိုပါ ရန်ပုံငွေအတွင်းမှ အသုံးပြုသွားမည်ဖြစ်သည်။

http://myitmakhamediagroup.com/detail.php?newid=4626

ဘကြီးသက်

နိုင်ငံ့ဝန်ထမ်းကို နိုင်ငံ့အစိုးရက ကာကွယ်ပေးရမယ့် အချိန် မကျသေးလို့လား

နိုင်ငံ့ဝန်ထမ်းကို နိုင်ငံ့အစိုးရက ကာကွယ်ပေးရမယ့် အချိန် မကျသေးလို့လား
===========================================
လပွတ်တာမြို့နယ်၊ (၈)ရပ်ကွက်မှ မျိုးထူး အမည်ရှိ လူသတ်မှုနှင့် ထောင်ကျထားသူ တစ်ဦးသည် ထောင်မှ လွတ်ပြီးနောက် ဓားထိုးမှုနှင့် ထောင်ထပ်ကျသည့် အတွက် ရပ်ကွက်အတွင်း ၄င်း၏ ညီအစ်ကိုများ ဖြစ်သူ ဇော်မင်း၊ ရန်နိုင်ကျော်နှင့် ထက်အောင်ကျော်တို့မှ ဓားတစ်ရမ်းရမ်းဖြင့် သောင်းကျန်းခဲ့ကြကြောင်း သိရသည်။

၎င်းတို့ ညီအစ်ကိုများမှ လူသတ်လဲ ထောင်(၃)နှစ်ပဲကွ၊ တိုင်ချင်ရာကို တိုင်၊ တိုင်တဲ့သူကို ထွက်လာရင် ထပ် သတ်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့ကြသည်။ အဆိုပါ ညီအစ်ကို တစ်စုမှ ရှေ့နေ တစ်ဦးအား ခေါ်ဆောင် လာခဲ့ပြီး အချုပ်ခန်းမှ ၄င်းတို့ အစ်ကို အား သွားရောက်တွေ့ ဆုံရာ၌ ငါ့အစ်ကိုကို ဖမ်းရမလား ဆိုကာ ရဲတပ်ဖွဲ့ ၀င် တစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များအား တင်းကြပ်သည့် စည်းကမ်းသတ်မှတ်ချက်များ ပြုလုပ်ထားသည့် အတွက် ထိုသို့ ရမ်းကားမှု များ ရှိသော်လည်း အရေးယူခံရခြင်း မရှိဘဲ၊ ၄င်းတို့အဖွဲ့မှ မြို့တွင်းလှည့်လည် ရမ်းကားခဲ့သည်။ နောက်ဆုံး တွင် ရဲစခန်းရှေ့သို့ ပြန်ရောက်လာပြီး ဆဲဆို ရမ်းကားသဖြင့် ရဲတပ်ဖွဲ့မှ မူးယစ်ရမ်းကားမှုဖြင့် အရေးယူခဲ့ရသည်။

မလက်တိုတွင် ရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ လက်ပံတောင်းတွင် ဒုတ်၊ဓား၊ ဓာတ်ဆီဗူးများဖြင့် ပစ်ခြင်း၊ နေမျိုးဇင်ကဲ့သို့သော လူများမှ ရိုင်းစိုင်းသော စကားများ ပြောဆိုခြင်း တို့အပေါ် ဥပဒေ အတိုင်း အရေးယူနိုင်သော်လည်း ဥပဒေနှင့် နိုင်ငံရေး ရောယှက်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များ အခက်ကြုံနေ ရကြောင်း သိရသည်။

ကျွန်တော်တို့မှာ ဘာအကာအကွယ်မှ မရှိဘူး။ တစ်ယောက်တည်းသွားလို့ တစ်ခုခုဖြစ်ရင် ဆက် သွယ်စရာ စက် အစုတ် ၁ လုံးတောင် မရှိဘူး။ ဖမ်းရင် ဖမ်းတယ်ပြောတယ်။ ပြီးရင် လွှတ်ပေးလိုက် လုပ်တယ်။ ကိုယ့်အစိုးရက ကိုယ့်ကို အကာအကွယ် မပေးရင် ကျွန်တော်တို့ဘ၀က ဘာလဲဟု ရဲတပ်သား တစ်ဦးမှ ပြောဆိုခဲ့သည်။

မကောင်းမှု တစ်ခုလုပ်တိုင်း ရဲတိုင်လိုက်ရမလား ဆိုကာ ပြောရသည့် မြန်မာနိုင်ငံအတွက် မရှိ မဖြစ်သော ရဲတပ်ဖွဲ့ဝင်များ အတွက် အစိုးရမှ အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များ မတရား လုပ်ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ပေးထားကာ ပြည်သူအကြိုက် လုပ်ပေးနေသော်လည်း၊ တကယ်တမ်း ဖြစ်လာ သမျှတွင် လတ်တလော ခံရသူမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်သွားပါက ရဲတပ်ဖွဲ့ ၀င်များ၏ စိတ်ဓာတ်များကို ဖျက်ဆီးသကဲ့သို့ ဖြစ်နိုင်ကြောင်း ရဲတပ်ရင်းမှ အရာရှိတစ်ဦးကလည်း ပြောခဲ့သည်။

ဓာတ်ပုံ- မြို့တွင်း လှည့်လည် ရမ်းကား ဆဲဆိုနေသည့် ညီအစ်ကို ၁ စု

===========================================
လပွတ်တာမြို့နယ်၊ (၈)ရပ်ကွက်မှ မျိုးထူး အမည်ရှိ လူသတ်မှုနှင့် ထောင်ကျထားသူ တစ်ဦးသည် ထောင်မှ လွတ်ပြီးနောက် ဓားထိုးမှုနှင့် ထောင်ထပ်ကျသည့် အတွက် ရပ်ကွက်အတွင်း ၄င်း၏ ညီအစ်ကိုများ ဖြစ်သူ ဇော်မင်း၊ ရန်နိုင်ကျော်နှင့် ထက်အောင်ကျော်တို့မှ ဓားတစ်ရမ်းရမ်းဖြင့် သောင်းကျန်းခဲ့ကြကြောင်း သိရသည်။

၎င်းတို့ ညီအစ်ကိုများမှ လူသတ်လဲ ထောင်(၃)နှစ်ပဲကွ၊ တိုင်ချင်ရာကို တိုင်၊ တိုင်တဲ့သူကို ထွက်လာရင် ထပ် သတ်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့ကြသည်။ အဆိုပါ ညီအစ်ကို တစ်စုမှ ရှေ့နေ တစ်ဦးအား ခေါ်ဆောင် လာခဲ့ပြီး အချုပ်ခန်းမှ ၄င်းတို့ အစ်ကို အား သွားရောက်တွေ့ ဆုံရာ၌ ငါ့အစ်ကိုကို ဖမ်းရမလား ဆိုကာ ရဲတပ်ဖွဲ့ ၀င် တစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များအား တင်းကြပ်သည့် စည်းကမ်းသတ်မှတ်ချက်များ ပြုလုပ်ထားသည့် အတွက် ထိုသို့ ရမ်းကားမှု များ ရှိသော်လည်း အရေးယူခံရခြင်း မရှိဘဲ၊ ၄င်းတို့အဖွဲ့မှ မြို့တွင်းလှည့်လည် ရမ်းကားခဲ့သည်။ နောက်ဆုံး တွင် ရဲစခန်းရှေ့သို့ ပြန်ရောက်လာပြီး ဆဲဆို ရမ်းကားသဖြင့် ရဲတပ်ဖွဲ့မှ မူးယစ်ရမ်းကားမှုဖြင့် အရေးယူခဲ့ရသည်။

မလက်တိုတွင် ရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ လက်ပံတောင်းတွင် ဒုတ်၊ဓား၊ ဓာတ်ဆီဗူးများဖြင့် ပစ်ခြင်း၊ နေမျိုးဇင်ကဲ့သို့သော လူများမှ ရိုင်းစိုင်းသော စကားများ ပြောဆိုခြင်း တို့အပေါ် ဥပဒေ အတိုင်း အရေးယူနိုင်သော်လည်း ဥပဒေနှင့် နိုင်ငံရေး ရောယှက်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များ အခက်ကြုံနေ ရကြောင်း သိရသည်။

ကျွန်တော်တို့မှာ ဘာအကာအကွယ်မှ မရှိဘူး။ တစ်ယောက်တည်းသွားလို့ တစ်ခုခုဖြစ်ရင် ဆက် သွယ်စရာ စက် အစုတ် ၁ လုံးတောင် မရှိဘူး။ ဖမ်းရင် ဖမ်းတယ်ပြောတယ်။ ပြီးရင် လွှတ်ပေးလိုက် လုပ်တယ်။ ကိုယ့်အစိုးရက ကိုယ့်ကို အကာအကွယ် မပေးရင် ကျွန်တော်တို့ဘ၀က ဘာလဲဟု ရဲတပ်သား တစ်ဦးမှ ပြောဆိုခဲ့သည်။

မကောင်းမှု တစ်ခုလုပ်တိုင်း ရဲတိုင်လိုက်ရမလား ဆိုကာ ပြောရသည့် မြန်မာနိုင်ငံအတွက် မရှိ မဖြစ်သော ရဲတပ်ဖွဲ့ဝင်များ အတွက် အစိုးရမှ အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များ မတရား လုပ်ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ပေးထားကာ ပြည်သူအကြိုက် လုပ်ပေးနေသော်လည်း၊ တကယ်တမ်း ဖြစ်လာ သမျှတွင် လတ်တလော ခံရသူမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်သွားပါက ရဲတပ်ဖွဲ့ ၀င်များ၏ စိတ်ဓာတ်များကို ဖျက်ဆီးသကဲ့သို့ ဖြစ်နိုင်ကြောင်း ရဲတပ်ရင်းမှ အရာရှိတစ်ဦးကလည်း ပြောခဲ့သည်။

ဓာတ်ပုံ- မြို့တွင်း လှည့်လည် ရမ်းကား ဆဲဆိုနေသည့် ညီအစ်ကို ၁ စု

ဘကြီးသက်

မုန်တိုင်းပေါ်က လကွေးလေး......




ကျွန်တော်.....  ပင်လယ်ကမ်းစပ်တွင် ထိုင်နေရင်းက ညနေခင်း၏ လေညှင်းလေးကိုလည်း ခံစားမိသည်၊ တစ်နေရာတွင် မုန်တိုင်း ၀င်နေသဖြင့် ကျွန်တော်နေသော ကမ်းခြေမြို့လေး၏ တည်ငြိမ်သော ပင်လယ်ပြင် သည်လည်း လှိုင်းအတွန့်လေးများဖြင့် အားကျမခံ ဟန်ဆောင်ပြနေသည်...
ဖြစ်ချင်တော့ ကျွန်တော်က လှိုင်းလေးတွေရဲ့ ဘေးတိုက်အနေအထားတွင် ထိုင်မိလျှက်သားဖြစ်နေသည်။

ကျွန်တော် စဉ်းစားဖြစ်ခဲ့သည်၊ လွန်ခဲ့သည့်(၅)နှစ်ကလည်း ဤ ``မဟာဆင်´´ဆိုသော ကုလားမလေးကဲ့သို့ပင် နာဂစ်ဟုခေါ်သည့် ကုလားမ အရိုင်းအစိုင်းသည် ရာဇ၀င်ကြွေးမရှိပါပဲ ဆိုင်းမဆင့် ဗုံမဆင့် ၀င်မွှေသွားခဲ့သည်။ လူ့ရွာ၊ လူ့ဌာနကို မာန်ပါပါ ဖျက်ဆီးသွားခဲ့သည်။ ခါးသီးမှုများသည်ယခုတိုင် အရသာမပြယ်သေး...၊ ဒီတစ်ကြိမ်တော့ဖြင့် ကံကောင်းသည် သို့မဟုတ် လူ့ဌာနေတွင် များစွာတိုးတက် လာပြီဟု ပြောနိုင်ပြီဖြစ်သည်....၊ ဘယ်လောက် အားပါမည် မသိသော်လည်း ခွင့်ပြုချက်မတောင်းပဲ အလည်လာသူ ``မဟာဆင်´´ ဆိုသော ကုလားမလေးကို ကျွန်တော်တို့ ပြုံး၍ ကြိုနိုင်ခဲ့ပါပြီ...၊ သို့သော် သက်ရောက်မှုတစ်စုံတစ်ခုတော့ သူ ချန်ထား ရစ်ခဲ့မည်သာ....။

ဒီအချိန်တွင် မုန်တိုင်း၏ ဇုံအတွင်း ကျင်လည်ရပ်တည်နေရသူများ မည်မျှကြောက်လန့်နေမည်ကိုလည်း ကိုယ်ချင်းစာစိတ်ဖြင့် ဆက်၍ စဉ်းစားဖြစ်ခဲ့သည်၊ .... သားသမီးများအတွက်၊ မိဘများ အတွက်၊ ညီအစ်ကို မောင်နှမများအတွက်၊ ဆွေမျိုးများအတွက်၊ ချစ်ရသူများ အတွက်၊ ရင်းနှီးသူများအတွက်၊ ပိုင်ဆိုင်မှုများအတွက်၊ ပတ်သက်မှုများအတွက် အမှန်တကယ်ပင် အတိုင်းအဆမဲ့စွာ စိတ်သောကများ ကျရောက်နေလောက်ပြီ ဖြစ်ပါသည်။

သက်ရောက်မှုနှင့် တန်ပြန်သက်ရောက်မှုဆိုသော အသွား- အပြန်သဘောလေးကို စဉ်းစားနေမိသည်။ သက်ရောက်မှုသည် ခါးသီး ကျန်ရစ်ခဲ့မည် ဖြစ်သော်လည်း တန်ပြန်သက်ရောက်မှုသည်ကား စလစ်ဖြစ်ကာ အခြားတစ်နေရာသို့သာ ဦးတည်သွားမည် ထင်ပါသည်၊ `` မဟာဆင်´´ဆိုသော ကုလားမလေးသည်ကား ယှဉ်ပြိုင်၍ မရသော၊ ပြန်လည် ခံစားစေခြင်းငှာ မစွမ်းသာသော သဘာဝ တရားကြီး၏ လှည့်စားမှုတစ်ခုပင် မဟုတ်ပါလား...။

သို့သော်လည်း တိုးတက်ခေတ်မီလာခြင်းကြောင့်  ဤ``မဟာဆင်´´ဟူသော မုန်းတိုင်း၏ စိန်ခေါ်မှုအား  ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများဖြင့်  ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်၍  အသင့်ပြင်ဆင် ထားနိုင်ပြီဖြစ်ကြောင်းကြားသိရသဖြင့်လည်း ၀မ်းမြောက် မိပါသေးသည်။

ဤမုန်းတိုင်း၏ စနက်ကြောင့် မြန်မာပြည် အလယ်ပိုင်းတွင် မိုးသည်ထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေမြင့် တက်ခြင်း၊ မြေပြိုခြင်းများ ဆက်၍ ဖြစ်လာနိုင်သည်ဟု မိုးလေ၀သဌာနမှ ကြေငြာထားသည်။ ကျွန်တော်နှင့် ဝေးရာတွင် တစ်ဦးတည်း ရှင်သန်ရင်း ဘ၀၏နောက်ဆုံး လက်ကျန် အချိန်လေးများကို ဖြတ်ကျော်နေသော မိခင်ကြီးကို စိတ်ပူမိပါသည်။ မေမေလည်း ကျွန်တော့်ကို စိတ်ပူနေသည်။

မုန်တိုင်း၏ ဇာတိနှင့် မုန်တိုင်း၏ လားရာကို သိရှိရပြီး ကနဦး သတင်းထုတ်ပြန်ချိန်မှ မုန်တိုင်း အမည်တပ်ခြင်း၊ မုန်တိုင်း၏ အရွယ်အစား ခန့်မှန်းခြင်း၊ မုန်တိုင်းအား Focus ပြုလုပ်ခြင်းများမှ အနီရောင်အဆင့် ကြေငြာ ခဲ့သော မေလ ၁၅ ရက်နေ့ညမှစ၍ ယနေ့ညနေ ဘင်္ဂလားနှင့် ရခိုင်ပြည်နယ် မောင်တောနယ်ကြားကို မုန်တိုင်း ၀င်ရောက်ဖြတ်ကျော်နေချိန်အထိ   အကြိမ်ပေါင်း(၄၀)ထက်မနည်း ဖုန်းဆက်မေးမြန်းခဲ့သည်။ သာမန်အားဖြင့် အနီရောင် (အရေးပေါ်အခြေအနေ)အား မုန်တိုင်းမ၀င်မီ ၁၂ နာရီကြိုတင် ကြေငြာပေးလေ့ ရှိသော်လည်း မနေ့က မြန်မာ့ရုပ်မြင်သံကြားမှ မုန်တိုင်းမ၀င်မီ ၁၈ နာရီ ကြိုတင် ကြေငြာပေးခဲ့သည်။ ပြင်ဆင်ချိန်ရရန် ရည်ရွယ်၍ ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော့်မေမေ၏ နှလုံးသားရပ်ဝန်းတွင်ကား လွန်ခဲ့သည့် မေလ ၁၃ ရက်နေ့မှစ၍ အနီရောင်အဆင့် ဖြစ် ခဲ့သည်။ သူ၏ ရင်မှ ဖြစ်သော သားဖြစ်သူ ကျွန်တော်သည် ပင်လယ်ကမ်းစပ်တွင် နေထိုင်၍ အလုပ်လုပ်ကိုင်နေခြင်းကြောင့် ဖြစ်ပါသည်။

မုန်တိုင်းဧရိယာအတွင်း နေထိုင်သူများ၊ ရင်းနှီးသူများအတွက် စိတ်ပူနေကြသကဲ့သို့ မုန်တိုင်းဝင်ရောက်နိုင်သော ပင်လယ်ကမ်းစပ် မြို့များတွင် နေထိုင်သူများကိုလည်း အဝေးမှ မိဘဆွေမျိုး၊ ဇနီးမယားနှင့် သားသမီးများက စိတ်ပူနေကြရမည်ဖြစ်ပါသည်။ 

မေမေကျွန်တော့်ကို စိတ်ပူနေသလို ကျွန်တော်လည်း မေမေ့အတွက် စိတ်ပူနေရသည်။ မေမေနေထိုင်သော မြို့ကလေးသည် ယခု ၀င်ရောက်လာသော မုန်တိုင်းဧရိယာအတွင်း ၀င်ရောက်ခြင်းမရှိသော်လည်း မုန်တိုင်း၏ ဆက်စပ်ဧရိယာတွင် တည်ရှိခြင်းကြောင့် မုန်တိုင်းအရှိန်ဖြင့် မိုးများသည်းထန်စွာရွာသွန်းနိုင်ပါသည်။ ထိုမိုး၏ အရှိန်ဖြင့် တောင်ကျရေများ၊ မြစ်ရေများ လျှံတက်ခြင်းများ ဖြစ်ပေါ်ကာ ရေစီးရေလာ မကောင်းသော မြို့ရွာများ အတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်နိုင်ပါသည်။ ထိုသို့ ၀င်ရောက်လာလျှင် နေအပူ ရှိန်ဖြင့် ခြောက်သွေ့ ကြွပ်ရွနေသော မြေကြီးများသည် ပြိုကျလာနိုင်ပါသေးသည်။

ဤအကြောင်းလေးကို ဖုန်းထဲမှ ပြောပြရင်း စိတ်ကြောင်းနှင့် ကျန်းမာရေးဂရုစိုက်ရန်၊ သတိထားရန်၊ လူများနှင့် နီးရာတွင်သာ နေထိုင်ရန် မှာကြားသောအခါ မေမေရယ်ပါသည်။

``သားနဲ့  မေမေ အပြန်အလှန် စိတ်ပူနေကြလို့ မုန်တိုင်းကြီးက သနားပြီး  နောက်ပြန် ဆုတ်သွားပါဦးမယ်သားရယ်..´´ ဟု  မေမေပြောရင်း ရယ်ကာ ကျွန်တော်စိတ်မပူရန် နောက်နေခဲ့ပါသေးသည်။

ကျွန်တော်က စိတ်ပူသဖြင့် ပြောနေခြင်းကို မေမေက ရယ်ခဲ့သည်။  အခု ကျွန်တော် စဉ်းစားဖြစ်ပါသည်။  မုန်တိုင်းကြီး ဘယ်လောက်ကြီးကြီး ကုန်းမြေအလုံးစုံကိုတော့ဖြင့် မည်သည့်အခါမျှ တိုက်ခတ်နိုင်မည် မဟုတ်ဟု...၊ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီး ဘယ်လောက်ကြီးကြီး ကုန်းမြေအလုံးစုံ ကိုတော့ဖြင့် ဖုံးလွှမ်းမသွားနိုင်ပါဟု....။

နောက်ဆုံးတွင် မေမေက ဆက်ပြောခဲ့ပါသေးသည်.....

`` အင်းပါသားရယ်... မေမေ့ကို စိတ်မပူနဲ့ သတိနဲ့နေပါတယ်....၊ သားကိုသာ မေမေက စိတ်ပူတာ... သဘာဝတရားကြီးတော့ ပျက်ရယ် မပြုလေနဲ့သားရေ...၊ လူဆိုတာ ဘယ်လောက်အင်အားကြီးကြီး သဘာဝကြီးရဲ့ အစက်ကလေးတစ်စက်ပဲ.... သဘာဝကြီးကို ဦးနှောက်နဲ့ပဲ ယှဉ်လို့ရတယ်... သတိထားနော်....´´ တဲ့၊

``ဟုတ်ကဲ့ပါ မေမေ ဒါပဲနော်...  မေမေပျော်ရွှင်ပါစေ....´´ လို့ ကျွန်တော်ပြောလိုက်တော့... `` အင်းပါ.. အင်းပါ.... သားလေး အန္တရာယ် ကင်းပါစေ......´´ တဲ့။

ကျွန်တော်ဆက်စဉ်းစား ဖြစ်ခဲ့တယ်... တောင်ကြီး ဘယ်လောက်မြင့်မြင့် မိုးကောင်းကင်ကြီးရဲ့ အောက်မှာပဲ မဟုတ်လား၊ ဒီလိုပါပဲ ကျွန်တော်မေမေ့ကို ချစ်ရခြင်းတွေ.... စိတ်ပူရခြင်းတွေက မေမေ့အောက်... တစ်နည်းအားဖြင့်တော့ မိုးကောင်းကင်ကြီးရဲ့ အောက်က တောင်လေး တစ်လုံးလောက်ပဲ ရှိမှာပေါ့...... လို့။




ဘာပဲဖြစ်ဖြစ် မေမေနဲ့ ကျွန်တော် ကျန်းမာနေကြောင်း ဖုန်းလေးဆက်ပြီး အပြန်အလှန် မှာကြား ပြောဖြစ်ကြတော့ ကျွန်တော် စိတ်ချမ်းသာရတယ်.... မေမေလည်း စိတ်ချမ်းသာသွားမှာပါ.....။

အခုပဲကြည့်လေ လူလုံးမကွဲတဲ့ မှောင်ရီပျိုးစ အချိန် ကောင်းကင်ကြီးရဲ့ ရင်ခွင်ထဲမှာ  ဆန်းသစ်စ လကွေးကွေးလေးက မျက်စ ပျစ်ပြရင်း မေးနေလေရဲ့ ....   ``မင်းလည်း မေမေ့ကို ချစ်တယ်လား.....´´တဲ့။

သူမသိလိုက်တာက ကျွန်တော့်ရဲ့မေမေကလည်း ကောင်းကင်ပေါ်က လမင်းကြီးပဲဆိုတာကိုပေါ့..... ဒီလမင်းကြီးကို မြင်နေရရင်... ကျွန်တော် မုန်တိုင်းကြီးကိုလည်း တက်စီးရင်း ခရီးသွားရဲတယ်ဆိုတာလေ....။

(ကွန်ဆူးမား)
(၁၆-၅-၂၀၁၃)
မုန်းတိုင်းဝင်သောနေ့၏ ညနေပိုင်းတွင် မိခင်ကြီးအား သတိတရ ရေးသားဖြစ်ခဲ့ပါသည်။
ဘကြီးသက်

သားဖြစ်သူနှင့် အိပ်ခဲ့သည့်ဆရာမထံက ဒေါ်လာ ၁၀ သန်းလျှော်ကြေးရလိုကြောင်း မိခင်တရားစွဲ




သားဖြစ်သူနှင့် အတူအိပ်စက်ခဲ့သည့် ဆရာမတစ်ဦးကို ဥပဒေကြောင်းအရ လျှော်ကြေးအဖြစ် ဒဏ်ငွေ ဒေါ် လာ ၁၀ သန်း ရလိုကြောင်း တရားစွဲသည့်ဖြစ်ရပ်တစ်ခု အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ရှိ ဘရွတ် ကလင်းမြို့ တွင် ဖြစ်ပွားခဲ့သည်။

အသက် ၁၆ နှစ်အရွယ် ကျောင်းသားလူငယ်ကို ဖျားယောင်းသိမ်းသွင်းပြီး အတူအိပ်စက်ခဲ့သည့် ဆရာမ သည် ဘရွတ် ကလင်း အရပ်ရှိ ဂျိမ်းစ် မက်ဒီဆင် အထက်တန်းကျောင်းမှဖြစ်ပြီး အီရင် ဆေယာ ဆိုသူ ဖြစ် သည်။ မိခင် ဖြစ်သူ မော်ရင်း အန်းက မိမိသား ကီဗင်သည် ဆရာမကြောင့် ကလေးဘဝ ပျက်စီး သွားခဲ့ရ သဖြင့် နစ်နာကြေး ဒေါ်လာ ၁၀ သန်း တောင်းခြင်းဖြစ်ကြောင်း ရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။

အီရင်သည် အင်္ဂလိပ်စာပြသည့် ဆရာမဖြစ်ပြီး ကျောင်းသားဖြစ်သူ ကီဗင်သည် လာမည့် ဒီဇင်ဘာလတွင်မှ အသက် ၁၆ နှစ်ပြည့် မည်ဖြစ်သည်။ ရုံးတော်တွင် အစစ်ခံချက်များအရ ကီဗင်နှင့် အီရင်တို့ သည် ကျောင်းခန်း အတွင်း၊ ကားအတွင်း ၈ ကြိမ်ထက်မနည်း အတူ အိပ်ခဲ့ကြကြောင်း သိရသည်။

ဆရာမ အီရင် ဆေယာသည် ယခု အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျောင်းက သူမကို ၁၁ တန်းတွင် အင်္ဂလိပ်စာ သင်ပြ ရန် ငှားရမ်းထားခြင်းဖြစ်သည်။ အီရင်သည် ကျောင်းသားများကို မူးယစ်ဆေးဝါးများဖြင့်လည်း သိမ်းသွ င်း စည်းရုံးကြောင်း ထွက်ဆိုချက်များ အရ သိရှိရသည်။

From: မောက္ခ
ဘကြီးသက်

မြောက်ပိုင်း ABSDF တွင် ကိုထွန်းအောင်ကျော် အသတ်ခံခဲ့ရမှု မိခင်ဖြစ်သူက အမှုဖွင့်

လွန်ခဲ့သည့် နှစ် ၂၀ ကျော်က စစ်ထောက်လှမ်းရေးဟု စွပ်စွဲ သတ်ဖြတ် ခံခဲ့ရ သည့် မြန်မာနိုင်ငံ လုံးဆိုင် ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၏ အမှုနှင့် ပတ် သက်ပြီး မိခင်ဖြစ်သူ ဒေါ်တင်မမက မန္တလေးတိုင်း ချမ်းအေးသာဇံမြိုနယ် အမှတ် (၈) ရဲစခန်း တွင် ပြီးခဲ့သည့် သောကြာနေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

အမှတ် (၈) ရဲစခန်းမှူးက လက်ခံခဲ့ပြီးနောက် မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တင်ပြပြီး  စုံစမ်း စစ်ဆေး မှုများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍  ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ရာမှ လွတ်မြောက် လာ သည် ကို ညီညီကျော် ကိုလည်း သက်သေအဖြစ် ချမ်းအေးသာဇံရဲစခန်မှ ဆင့်ခေါ်ထားသည်ဟု သိရှိရသည်။


“ကျနော်တို့ အနေနဲ့တော့ လက်စားချေဖို့၊ တရားစွဲဖို့ မရည်ရွယ်ပေမယ့် ရဲဘော်ရဲဘက်တွေရဲ့ မိသား စုတွေ က အမှု အတွက် လိုက်ပါဆောင်ရွက်ဖို့ အကူအညီတောင်းရင်တော့ ဆောင်ရွက်ပေးရမှာပါ။ တချို့က မျက်မြင် သက်သေ၊ တချို့က တိုက်ရိုက်ပါဝင် ပတ်သက်သူတွေရှိပါတယ်” ဟု ကိုညီညီကျော်က ဆိုသည်။

ကိုထွန်းအောင်ကျော် အပါအ၀င် ၁၅ ဦးမှာ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ  ၁၂ ရက်နေ့ လူအများရှေ့တွင် တပြိုင် နက် တည်း အသတ်ခံရခြင်းဖြစ်ပြီး နိုင်ငံတကာ သတင်းထောက်များ၏ မှတ်တမ်းမှတ်ရာများနှင့် ထိုစဉ် က တာဝန်ယူသူများ၏ ထုတ်ပြန်ချက်များက  အကောင်းဆုံး သက်သေများ ဖြစ်လာနိုင်သည်ဟု ၎င်း က ဆက်ပြောသည်။

ထိုစဉ်က အသတ်ခံခဲ့ရသူများ၏ ကျန်ရစ်သော မိသားစုများအနေဖြင့် စီးပွားရေးနှင့် လူမှုရေး ဆိုးကျိုးများ အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ယနေ့ထက်တိုင် ခံစားနေရဆဲဖြစ်သည်ဟုလည်း ဆိုသည်။

ချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ကိုထွန်းအောင်ကျော် အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်ထားခြင်းမှာ မှန်ကန်သော်လည်း အသေးစိတ်ပြောဆိုရန် ငြင်းဆိုသွားသည်။

၁၉၉၁ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသ၌ ဖြစ်ပွားခဲ့သည့် အဆိုပါအမှုတွင် လူပေါင်း ၁၀၀ ကျော် စစ်ထောက် လှမ်းရေးဟု စွပ်စွဲဖမ်းဆီးခံခဲ့ရပြီး စခန်းဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် လူ ၃၅ ဦး အသက် သေဆုံးခဲ့ရသည်။ ကျန် လူပေါင်း ၇၁ ဦးမှာ တရုတ်ပြည်ဘက်သို့ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

အခင်းဖြစ်ပွားစဉ်က ABSDF (မြောက်ပိုင်း) တာဝန်ယူထားသူများမှာ ရဲဘော်မျိုးဝင်း (ကျဆုံး)၊ ရဲဘော် သံချောင်း (သာယာဝတီ ထောင်တွင် သေဒဏ်ကျခံထားရသူ)၊ ကိုအောင်နိုင် (ခ) ရော်နယ် အောင်နိုင်၊ ကိုလ ဆိုင်း၊ ကိုအောင်သန်း၊ ကိုကျော်ကျော်၊ ကိုသန်းဇော်၊ ကိုဇော်ဇော်မင်း စသူတို့ ဖြစ်သည်ဟု သိရသည်။

အစိုးရသစ်လက်ထက်တွင် အဆိုပါ မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကာယကံ ရှင် များနှင့် ဆက်စပ်သူများက ပိုမိုကျယ်လောင်စွာ ပြောဆိုလာခဲ့ကြပြီး စာအုပ်များ ကိုပါ ရေးသား ထုတ်ဝေလာ ခဲ့သည်။ ထို့အပြင် အ မှုဖွင့် တရားစွဲဆိုမှုများပါ ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည်နှစ်ကပင် ကချင်ပြည်နယ် ABSDF (မြောက်ပိုင်း) တွင် အသတ်ခံရသည့် ဦးစိန်၏ သမီးဖြစ်သူ မစန်း စန်းအေးက ABSDF မှ တာဝန်ရှိသူများကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ရဲစခန်းနှင့် ကချင်ပြည် ၀ိုင်းမော် ရဲစခန်းတို့တွင် အမှုဖွင့်ခဲ့သည်။

သို့သော် ၄ လခန့် စစ်ဆေးပြီးနောက် သက်သေ မခိုင်လုံသည့်အတွက် အမှုပိတ်ခဲ့ရသည်ဟု ဦးစိန် အသတ် ခံရမှုတွင် သက်သေ အမည် တင်သွင်းခြင်းခံရသူများက ဆိုသည်။

အမှုနှင့်ပတ်သက်၍ ၄ ကြိမ်အစစ်ခံရသည့် သာယာဝတီမြို့မှ ကိုကျော်နိုင်ဦး (ခ) ကိုကြောင်က “ဦးစိန်သေ တာက ရေခဲ တဲ့နေရာမှာ စောင်မပေးဘဲထားလို့ သေတာ။ အချုပ်ခန်းမှာ အတူတူနေပေမယ့် ရိုက်တာနှက် တာကို မတွေ့ရတော့ သက်သေထွက်လို့ မရဘူးလေ။ ဒါကြောင့် အမှုပိတ်ရတာပါ” ဆိုသည်။

ABSDF (မြောက်ပိုင်း) ၌ အသတ်ခံရသူပေါင်း ၃၅ ဦးတွင် တရားဥပဒေအရ အမှုဖွင့်ခဲ့သူများတွင် ကိုထွန်းအောင်ကျော် မိသား စုနှင့် ဦးစိန်၏ မိသားစု နှစ်စုသာ ရှိသေးသည်။

ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ABSDF တွင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့ သည့် ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် (၇၄ မျိုးဆက် ကျောင်းသားဟောင်း)၊ ဒေါက် တာ နိုင်အောင် တို့က လည်း  အဖြစ်မှန် ပေါ်ပေါက်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြီးခဲ့ သည့်နှစ် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်စဉ် ပြောဆို သွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဤကဲ့သို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ စစ်အစိုးရ အဆက် ဆက်တွင် ဖြစ်ပွား ခဲ့သော် လည်း ပြန်လည် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။



အသတ်ခံရ သူ ကိုထွန်းအောင်ကျော်

From: ဧရာဝတီ
ဘကြီးသက်

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ၁၅ဦး ဒဏ်ရာရ


ရန်ကုန်၊ မေ ၂၀။

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့၍ ခရီး သည် ၁၅ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

“တွံတေးဆေး ရုံကို ခရီးသည် (၁၅)ဦး ပို့ထားတာ၊ အခုတော့ ရန်ကုန်ဆေးရုံကို ရှစ်ဦး လွဲပြောင်းပေး ထား တယ်”ဟု တွံတေးမြို့ နယ် ရဲစခန်းမှ ဒုရဲအုပ်သန်းဌေးက ပြောကြားသည်။

တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုရွာအနီးတွင် ဟိုင်းလတ်ကား အဖြူရောင်သည် ဒလမှ ဘုရားကြီးကျေး ရွာသို့ သွား စဉ် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောကြား သည်။

တွံတေး-ဒလ ကားဂိတ်မှူး ကိုသက်နိုင်က “ကားပေါ်မှာ ခရီးသည်(၂၀) လောက်ပါမယ်ထင်တယ်။ ကား ဆရာ ကိုတော့ ရဲစ ခန်းက ထိန်းသိမ်းထားတယ်”ဟု ပြောကြားသည်။

ယာဉ်မောင်အား ပုဒ်မ (၃၃၇/၃၃၈)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရ သည်။

ပိုင်လေး
@ မြန်မာ့ခေတ် 

ဘကြီးသက်

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ ဆုံ


သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် ကူညီမည်ဟု ကတိပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူအညီပေးရန် ကတိပြု ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများအတွက် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်သို့ ပထမဆုံး လာရောက်သည့် သမ္မတဦးသိန်းစိန်အား ကြိုဆိုရင်း အိုဘားမားက မြန်မာနိုင်ငံကို ယခင်က ခေါ်ဝေါ်သုံးစွဲခဲ့သော ''ဘားမား'' အစား တရားဝင်နာမည် ''မြန်မာ'' ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှု အပြည့်အ၀ အကောင်အထည် ပေါ်လာရေး တွန်းအားပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများ ရှေ့ဆက်ဖြစ်ပေါ်ရေး ကတိပြုခဲ့သည်။

အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင် အတူယှဉ်ထိုင်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ဆက်လက် လွှတ်ပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ သမ္မတနှစ်ဦး၏ တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က စကားပြန်မှတစ်ဆင့် မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီရာရောက်ကြောင်း၊ ယင်းအတွက်ကြောင့် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ်တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။

ယခုကဲ့သို့ မြန်မာသမ္မတတစ်ဦး အနေဖြင့် အမေရိကန်သမ္မတ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးနိုင်သည့် အနေအထားသည် ပြီးခဲ့သည့်နှစ်များက စဉ်းစား၍ပင် မရသည့် အရာတစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီးသွားရောက်သည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန် စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့သည်။

ယင်းသည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လအကြာတွင် မြန်မာသမ္မတ အမေရိကန်သို့ ယခုလို သွားရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီကြီးများ လာရောက်ရင်းနှီး မြှုပ်နှံရန်၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

သမ္မတဦးသိန်းစိန်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်းသည် စောလွန်းရာရောက်ပြီး အချိန်မတန် သေးကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စအချို့နှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အချို့က ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး တို့တွင် ဆက်လက် လုပ်ဆောင်သွားရန် ကျန်ရှိနေသေးသော်လည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများတွင် တိုးတက်မှုများ ရှိနေသည်ကို လျော့တွက်၍ မရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေ ၁၇ ရက်တွင် ပြောကြားသည်။

''ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မတို့အနေနဲ့ လျော့တွက်လို့ မရပါဘူး။ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ်လို့ သူတို့ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေဟာ သိသာထင်ရှား လွန်းပါတယ်'' ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးအား မြန်မာအစိုးရက လွှတ်ပေးအပြီးတွင် ပြောကြားသည်။

၎င်းက မြန်မာအစိုးရက နောက်ထပ်နိုင်ငံရေး အကျဉ်းသားအချို့အား မေ ၁၆ ရက် တွင် လွှတ်ပေးခဲ့မှုကို အမေရိကန်အနေဖြင့် ကြိုဆိုပါကြောင်းလည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးသည့် အနေဖြင့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၄ သန်းတန်ဖိုးရှိ ကူညီထောက်ပံ့မှုကို လာမည့် ၂၀၁၄ ခုနှစ်တွင် ပေးအပ်ရန် အဆိုပြုထားသည်။

ယင်းပမာဏသည် ၂၀၁၂ ခုနှစ်တွင် ပေးအပ်ခဲ့သည့် ပမာဏထက် အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၈ သန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် မေ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့် (မေ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀ နာရီခန့်) က တွေ့ဆုံစဉ် (Photo: AFP)


ဘကြီးသက်

Monday, May 20, 2013

မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း တရုတ်က လေသံပစ်


Monday, May 20, 2013

မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တရုတ် အစိုးရက ပြန်လည် စတင်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ကိုယ်စားလှယ်များကို ပြောဆိုသည်ဟု သိရသည်။

တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ NLD ပါတီမှ ကိုယ်စားများသည် တရုတ်နိုင်ငံသို့ ယခု လဆန်းပိုင်းတွင် သွားရောက် လည်ပတ်ခဲ့စဉ် မြစ်ဆုံ စီမံကိန်းကို ပြန်လည်ဆောင်ရွက်လိုသည်ဟု တရုတ် အာဏာပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့်NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးညီပုက ဧရာဝတီသို့ ပြောသည်။

“နှစ်နိုင်ငံအတွက် အကျိုးရှိမှာ ဖြစ်လို့ မြစ်ဆုံကိစ္စ ပြန်စချင်တယ်ဆိုတာ ရှင်းပြတယ်။ ဒီအတိုင်း မလုပ်ဘဲနဲ့ ထားလိုက်ရင် အချည်းနှီး ဖြစ်သွားမယ် ဆိုပြီးတော့လည်း တရုတ်ဘက်က ပြောတယ်။ ကျနော်တို့ အနေနဲ့တော့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတာမျိုး၊ သဘောထား မှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

NLD ပါတီသည် အာဏာရ ပါတီအဖွဲ့အစည်း မဟုတ်ကြောင်း၊ ယခု ခရီးစဉ်သည်လည်း နှစ်ပါတီ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးအတွက်သာ ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း NLD ကိုယ်စားလှယ်က ဆိုသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသော စုံစမ်းရေးကော်မရှင်အဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၎င်းတို့အနေဖြင့် လေးစားဂုဏ်ယူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုလည်း ထောက်ခံကြောင်း တရုတ်အာဏာပိုင်များက ပြောဆိုကြောင်း သိရသည်။

“ဒေါ်စုကိုလည်း ထောက်ခံတယ်၊ NLD ပါတီကလည်း အလားအလာ ကောင်းနေတယ်၊ နိုင်ငံ့တာဝန်တွေ ယူလာနိုင်တယ်။ ဒါကြောင့် ကျနော်တို့ ပါတီနဲ့ ရေရှည် ဆက်ဆံချင်တယ်။ စီးပွားရေးအရလည်း အလုပ်လုပ်လိုတဲ့ အကြောင်းတွေ ပြောတယ်။ သူတို့ ပါတီရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အကျယ်တ၀င့် ရှင်းပြတယ်” ဟု ဦးညီပုက ပြောသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရ၏ အကြံပေးအဖွဲ့ဖြစ်သော ယူနန် လူမှုသိပ္ပံ အကယ်ဒမီ (Yunnan Academy of Social Sciences) မှ ပါမောက္ခများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည်လည်း မြစ်ဆုံ စီမံကိန်း အပါအ၀င် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ရန်ကုန်မြို့၌ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းများ အပေါ် မြန်မာ ပြည်သူများ၏ ဆန္ဒသဘောထားကို တရုတ်ကိုယ်စားလှယ် အဖွဲ့က မေးမြန်းကြောင်း၊ ထို့အတူ တရုတ်ပြည်သူများနှင့် မြန်မာ ပြည်သူများအကြား ပြည်သူချင်း ထိတွေ့ဆက်ဆံမှု၊ မြန်မာ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်မည့် စီမံကိန်းများကို ၈၈ ကျောင်းသားများ အဖွဲ့ကလည်း သဘောမတူကြောင်း စသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုအံ့ဘွယ်ကျော်က ဧရာဝတီသို့ ပြောသည်။

“မြစ်ဆုံ စီမံကိန်းဟာလည်းပဲ ကန့်ကွက်တာ၊ ဆန့်ကျင်တာကို မြန်မာတပြည်လုံးက ခဏခဏ လုပ်ဆောင်ခဲ့တယ်။ ဒီတော့ ပြည်သူတရပ်လုံးက မလိုလားတာကို ပြန်စမယ်ဆိုရင်လည်းပဲ ပြဿနာတွေက ဆက်လက် ဖြစ်နေဦးမှာပဲ ဆိုတာတွေကို ကျနော်တို့က ရှင်းပြတယ်” ဟု ၎င်းက ဆိုသည်။

မြစ်ဆုံ စီမံကိန်းအား အကောင်အထည်ဖော်ပါက နှစ်နိုင်ငံအတွက် လျှပ်စစ်မီးများ ရရှိမည် မှန်သော်လည်း ဧရာဝတီမြစ်သည် မြန်မာနိုင်ငံသားများ၏ သမိုင်းကြောင်းဆိုင်ရာ တန်ဖိုး မဖြတ်နိုင်သည့် အရာဖြစ်၍ အလေးထား စဉ်းစားဖို့လိုအပ်ကြောင်း၊ ထို့အတူ အနာဂတ် မျိုးဆက်များအတွက်လည်း ထည့်သွင်း စဉ်းစားဖို့ အရေးကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

“မြစ်ဆုံစီမံကိန်း တည်ဆောက်ရင် နောင်လာနောင်သားတွေအတွက် ဘယ်လောက် အကျိုးကျေးဇူးရှိမလဲ ဆိုတာ အရေးကြီးတယ်။ အဖွဲ့အစည်းတွေ ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ကြတယ်။ ပညာရှင်တွေကလည်းပဲ ဒီစီမံကိန်းဟာ ရေရှည်မှာ အကျိုးမရှိဘူး၊ နောင်မျိုးဆက်တွေ အတွက်လည်းပဲ ဆိုးကျိုးတွေ များမယ်ဆိုတာ ပြောထားပြီးသားကိစ္စပါ” ဟု ကိုအံ့ဘွယ်ကျော် က ဆိုသည်။

ယူနန်ပြည်နယ် အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့်လည်း ရန်ကုန်မြို့၌ ယမန်နေ့က တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်ထားသော တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ယခင်စစ်အစိုးရ လက်ထက်၌ ချုပ်ဆိုထားသော လက်ပံတောင်းတောင် စီမံကိန်းသည် နှစ်ပေါင်း ၆၀ အထိ ထုတ်လုပ်ပိုင်ခွင့် စာချုပ်ထားခြင်းသည် များလွန်းကြောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ၃၅ နှစ်သာ ရင်းနှီးမြှုပ်နှံခွင့် ပေးထားကြောင်း၊ ထို့ကြောင့် တရုတ်စီမံကိန်းများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည် ချုပ်ဆိုသင့်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင်လည်း စာချုပ်များ ပြန်ချုပ်ဆိုပိုင်ခွင့် ဥပဒေကို ပြဌာန်းထားပြီးဖြစ်ကြောင်း စသည်တို့အား တရုတ်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“နှစ် ၆၀ ဆိုတာ သိပ်များလွန်းတယ်။ နောက်တခုက တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ပစ္စည်းတွေချည်းပဲ မြန်မာနိုင်ငံမှာ လာပြီး ပုံအော ရောင်းနေတယ်။ ဒီတော့ အလုပ်သမား အရင်းအမြစ်ကြီး ဆုံးရှုံးစေတယ်။ ပြည်တွင်းပေါက်ဖော် ဆက်ဆံရေး ကောင်းဖို့ ဆိုရင် မြန်မာနိုင်ငံမှာလာပြီးတော့ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက် ထုတ်လုပ်ဖို့ အတွက်လည်းပဲ တရုတ်ကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးဖြစ်တယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်းသည်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအတွက် ဆိုးကျိုးများ ပေးနိုင်သည့် အတွက်လည်းကောင်း၊ ကချင်တိုင်းရင်းသားများ အလေးအမြတ်ထားသည့် မြစ်ဆုံ အမှတ်အသား ပျောက်ကွယ်သွားမည် ဖြစ်၍ လည်းကောင်း စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် မသင့်တော်ကြောင်း ၎င်းက ပြောသည်။

တရုတ်အစိုးရသည် မြစ်ဆုံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာအစိုးရ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ် CPI တို့တည်ဆောက်နေသော မြစ်ဆုံ စီမံကိန်း ပြီးစီးပါက လျှပ်စစ် ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု သိရပြီး ထိုစီမံကိန်းများကို၂၀၀၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ ၂၀၀၉ ခုနှစ်တွင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၎င်း၏ သမ္မတ သက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က အမိန့်ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ဧရာဝတီ
မေခနှင့် မလိခ ဆုံရာ ဧရာဝတီမြစ်ဖျား မြစ်ဆုံဒေသ ကောင်းကင်မှမြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

ဘကြီးသက်

၂၀၀၈ နာဂစ် / ၂၀၁၃ မဟာစင် နှင့် အနောက်ပိုင်းရေပြင် သံတမန်

မကြာမီရက်များအတွင်း မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရ သည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေး Ship Visit သွားရောက်တော့မည်ဖြစ်ကြောင်း ကြားသိရပါသည်။

အချိန်အခါအားဖြင့် မြောက်ဘက်သို့ အချိုးပြောင်း၍ ဘင်္ဂလားအတွင်း ဝင်ရောက်ခဲ့သော မဟာစင် ဆိုင်ကလုန်မုန်တိုင်း ပြီးစချိန်နှင့် တိုက်ဆိုင်နေ၍ ထင်ထင်ရှားရှားမှတ်မိနေသော အခြေအနေတစ်ခုကိုလည်း သတိတရ ရှိနေပါသည်။ ၂၀၀၈ ခုနှစ် မေလ (၂) ရက် နှင့် (၃) ရက်တွင် မြန်မာနိုင်ငံသို့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် မကြုံဘူး မတွေ့ဘူးလောက်အောင် နိုင်ငံ၏ ရာဇဝင်သမိုင်းတွင် သဘာဝကပ်ဘေးဆိုးကြောင့် ကံကြမ္မာဆိုးခဲ့ရသည်။ ပြည်သူလူထု၏ အသက်သွေးချွေးနှင့် စည်းစိမ်ဥစ္စာများ၊ တိုင်းပြည်၏ အခြေခံအဆောက်အဦများ အပါအဝင် ပြည်သူ့ဘဏ္ဍာပစ္စည်းများ နှင့်အတူ တပ်မတော်(ရေ)မှ အရာရှိ/စစ်သည်နှင့် စစ်ရေယာဉ်အချို့ ဖိတ်စင်ဆုံးရူံးခဲ့ရပြီး အများအပြားထိခိုက်ပျက်စီး၍ ဒဏ်ရာအနာတရများ ရရှိခဲ့ကြပါသည်။သမိုင်းသွေးစွန်းခဲ့သော အနိဋ္ဌာရုံများဖြင့် ရင်ဆိုင်ခဲ့ကြသည်။ သို့ရာတွင် အမျိုးသားစည်းလုံးမှုဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြသဖြင့် ယနေ့အခြေအနေသို့ လျင်လျင်မြန်မြန် ရောက်ရှိခဲ့ပြီး သမိုင်းအိမ်မက်ဆိုးအား အမျိုးသားရေးသတိအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါသည်။ဤအတွက် မဟာစင်သည် သက်သေတစ်ခု ဖြစ်ပါသည်။

ထိုအခြေအနေ ထိုကာလတွင် ၂၀၀၈ ခုနှစ် မေလ (၁၂)ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် BNS Osman စစ်ရေယာဉ်ပေါ်မှ C-802 ship to ship Missile အား Bay of Bengal အတွင်း အောင်မြင်စွာ စမ်းသပ်ပစ်ခတ် ပြခဲ့သည့်အပြင် နောက်ပိုင်းတွင်လည်း Dispute Waters Area ၌ Intrusion ဆန်သော Offensive Action များ ပြုလုပ်၍ မိမိတို့အား ပွဲလန့်တုန်း ဖျာခင်းသည့် နာဂစ်လက်ဆောင်များ ပေးခဲ့ကြပါသည်။ ထိုအတွက် ယခုရောက်နေသော မိမိတို့၏ နေရာမှ နောက်လှည့်ကြည့်လျင်ပင် ယင်းဖြစ်စဉ်များသည် ခက်ခဲခဲ့သော လှေကားထစ်များ အဖြစ် တွေ့မြင်နေရပါသည်။

ယနေ့မြင်ကွင်းသည် ဤသို့နှယ် မဟုတ်တော့ပါ။ မဟာစင်ပြီးစ ဘင်္ဂလားသို့ ရွက်လွှင့်မည့် အနောက်ပိုင်းရေပြင် သံတမန်သည် နှစ်နိုင်ငံကြား ပြဿနာ အစွန်းအထင်းများ ရှိနေလင့်ကစား မြန်မာပီသမှု ၊ အိမ်နီးချင်းကောင်း ပီသမှုတို့ဖြင့် ချစ်ကြည်ရင်းနှီမှု စာနာနားလည်မှု အရင်းခံ၍ ခေတ်သစ် Naval Diplomacy မှတ်တိုင်တစ်ခု စိုက်ထူနိုင်ပါလိမ့်မည်။ ထို့အတူ လှေကားထစ်များမှပေးခဲ့သော သတိ နှင့် အသင့်သည်လည်း မိမိတို့ ရေတပ်သားများ၏ နှလုံးသားများထက်တွင် အစဉ်အမြဲ ရှိနေကြပြီ ဖြစ်ပါသည်။

မောင်ဝါဆို

Myanmar Navy
၂၀၀၈ နာဂစ် / ၂၀၁၃ မဟာစင် နှင့် အနောက်ပိုင်းရေပြင် သံတမန်
Monday, May 20, 2013

မကြာမီရက်များအတွင်း မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရ သည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေး Ship Visit သွားရောက်တော့မည်ဖြစ်ကြောင်း ကြားသိရပါသည်။

အချိန်အခါအားဖြင့် မြောက်ဘက်သို့ အချိုးပြောင်း၍ ဘင်္ဂလားအတွင်း ဝင်ရောက်ခဲ့သော မဟာစင် ဆိုင်ကလုန်မုန်တိုင်း ပြီးစချိန်နှင့် တိုက်ဆိုင်နေ၍ ထင်ထင်ရှားရှားမှတ်မိနေသော အခြေအနေတစ်ခုကိုလည်း သတိတရ ရှိနေပါသည်။ ၂၀၀၈ ခုနှစ် မေလ (၂) ရက် နှင့် (၃) ရက်တွင် မြန်မာနိုင်ငံသို့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် မကြုံဘူး မတွေ့ဘူးလောက်အောင် နိုင်ငံ၏ ရာဇဝင်သမိုင်းတွင် သဘာဝကပ်ဘေးဆိုးကြောင့် ကံကြမ္မာဆိုးခဲ့ရသည်။ ပြည်သူလူထု၏ အသက်သွေးချွေးနှင့် စည်းစိမ်ဥစ္စာများ၊ တိုင်းပြည်၏ အခြေခံအဆောက်အဦများ အပါအဝင် ပြည်သူ့ဘဏ္ဍာပစ္စည်းများ နှင့်အတူ တပ်မတော်(ရေ)မှ အရာရှိ/စစ်သည်နှင့် စစ်ရေယာဉ်အချို့ ဖိတ်စင်ဆုံးရူံးခဲ့ရပြီး အများအပြားထိခိုက်ပျက်စီး၍ ဒဏ်ရာအနာတရများ ရရှိခဲ့ကြပါသည်။သမိုင်းသွေးစွန်းခဲ့သော အနိဋ္ဌာရုံများဖြင့် ရင်ဆိုင်ခဲ့ကြသည်။ သို့ရာတွင် အမျိုးသားစည်းလုံးမှုဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြသဖြင့် ယနေ့အခြေအနေသို့ လျင်လျင်မြန်မြန် ရောက်ရှိခဲ့ပြီး သမိုင်းအိမ်မက်ဆိုးအား အမျိုးသားရေးသတိအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါသည်။ဤအတွက် မဟာစင်သည် သက်သေတစ်ခု ဖြစ်ပါသည်။

ထိုအခြေအနေ ထိုကာလတွင် ၂၀၀၈ ခုနှစ် မေလ (၁၂)ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် BNS Osman စစ်ရေယာဉ်ပေါ်မှ C-802 ship to ship Missile အား Bay of Bengal အတွင်း အောင်မြင်စွာ စမ်းသပ်ပစ်ခတ် ပြခဲ့သည့်အပြင် နောက်ပိုင်းတွင်လည်း Dispute Waters Area ၌ Intrusion ဆန်သော Offensive Action များ ပြုလုပ်၍ မိမိတို့အား ပွဲလန့်တုန်း ဖျာခင်းသည့် နာဂစ်လက်ဆောင်များ ပေးခဲ့ကြပါသည်။ ထိုအတွက် ယခုရောက်နေသော မိမိတို့၏ နေရာမှ နောက်လှည့်ကြည့်လျင်ပင် ယင်းဖြစ်စဉ်များသည် ခက်ခဲခဲ့သော လှေကားထစ်များ အဖြစ် တွေ့မြင်နေရပါသည်။

ယနေ့မြင်ကွင်းသည် ဤသို့နှယ် မဟုတ်တော့ပါ။ မဟာစင်ပြီးစ ဘင်္ဂလားသို့ ရွက်လွှင့်မည့် အနောက်ပိုင်းရေပြင် သံတမန်သည် နှစ်နိုင်ငံကြား ပြဿနာ အစွန်းအထင်းများ ရှိနေလင့်ကစား မြန်မာပီသမှု ၊ အိမ်နီးချင်းကောင်း ပီသမှုတို့ဖြင့် ချစ်ကြည်ရင်းနှီမှု စာနာနားလည်မှု အရင်းခံ၍ ခေတ်သစ် Naval Diplomacy မှတ်တိုင်တစ်ခု စိုက်ထူနိုင်ပါလိမ့်မည်။ ထို့အတူ လှေကားထစ်များမှပေးခဲ့သော သတိ နှင့် အသင့်သည်လည်း မိမိတို့ ရေတပ်သားများ၏ နှလုံးသားများထက်တွင် အစဉ်အမြဲ ရှိနေကြပြီ ဖြစ်ပါသည်။

မောင်ဝါဆို

Myanmar Navy

ဘကြီးသက်
Related Posts Plugin for WordPress, Blogger...